မေးမြန်းဆွေးနွေးခြင်းအခမ်အနား

ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပဉ္စမအကြိမ်ကြားနာခြင်း တစ်စိတ်တစ်ပိုင်းဖြစ်သော မေးမြန်းဆွေးနွေးခြင်းကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပူးပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးမှ နဝမ ပုံမှန်အစည်းအဝေးအထိ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကတိကဝတ်ပြုခဲ့သည့်အဆို၊ မေးခွန်းများကိုလုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် မေးမြန်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့သည်။