စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးကော်မတီ ကြားနာခြင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ပူးပေါင်းကော်မတီ အစည်းအဝေးခန်းမ၌ ဖြူးမြို့နယ်၊ ဘန်းလောင်ကျေးရွာအုပ်စု၊ ကျောက်စောင်းကျေးရွာမီးလင်းရေး ကော်မတီအား တွေ့ဆုံ၍ ကြားနာပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးမှအဖွင့်အမှာစကားပြောကြားပြီးကော်မတီမှသိရှိလိုသည်များကိုမေးမြန်းညှိနှိုင်းဆွေးနွေးပြီး တက်ရောက်လာသောကျေးရွာမီးလင်းရေးကော်မတီနှင့် ကျောက်စောင်းကျေးရွာမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့သည်။