The Asia Foundation အဖွဲ့ လာရောက်ညှိနှိုင်း

ဒေသန္တရစီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဖြစ်စဉ်အပေါ်ပြည်နယ်လွှတ်တော်များ၏ ထိန်းကျောင်းမှုလုပ်ငန်းအားကောင်းစေခြင်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် The Asia Foundation မှ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီတွင် ပဲခူးတိုင်းဒေသ ကြီး လွှတ်တော်သို့ လာရောက်၍ တိုင်းဒေသကြီး လွှတ်တော်တာဝန်ရှိသူများနှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ (Call Room) တွင်အကြိုညှိနှိုင်းဆွေးနွေးခဲ့သည်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးမှု တွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးစည်သူလွင်၊ပဲခူးတိုင်း ဒေသကြီးလွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ လက်ထောက် ညွှန်ကြားရေးမှူးနှင့် The Asia Foundation မှ ဧည့်သည်တော်များတက်ရောက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။