မူဝါဒရေးဆွဲခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်း ဆွေးနွေးပွဲသို့ တက်ရောက်

ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်းကော်မတီနှင့် တရားဥပဒေ စိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ(၂)ရပ်သည် အောက်တိုဘာလ ၃၁ ရက်နေ့နှင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ပဲခူးမြို့နယ်ဥဿာကျော်ဟိုတယ်၌ကျင်းပသော asia foundation မှ ပြုလုပ်သော ကောင်းမွန်ထိရောက်သောမူဝါဒရေးဆွဲခြင်းဆိုင်ရာ အမြင်ဖွင့်သင်တန်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်၏ ကောင်းမွန်ထိရောက်သော မူဝါဒ ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းစဉ်များတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှုရှိပြီး လက်တွေ့ကျသော မူဝါဒရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းနှင့် မူဝါဒ ရေးဆွဲရာတွင် အဓိကထည့်သွင်းစဉ်းစားရမည့်အချက်အလက်များ၊ အခြေခံ သဘောတရားများနှင့် ပတ်သက်၍
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။