လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပဲခူးတိုင်းဒေသကြီး၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ရေးရာ ကော်မတီအစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ၃၁ ရက်နေ့ထိ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးပထမနေ့၌ ပြည် မြို့ပြစီမံကိန်းနှင့်ပတ်သက်၍ ကော်မတီ၏သဘောထားမှတ်ချက်များ ရေးသား၍ လွှတ်တော်သို့ ပေးပို့တင်သွင်းခဲ့သည်။

အစည်းအဝေး ဒုတိယနေ့၌ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်း ကော်မတီနှင့်ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးတည်ဆောက်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရေး (မူကြမ်း)နှင့်ပတ်သတ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်
တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေး တတိယနေ့၌ ကော်မတီသို့ တိုင်ကြားလာသော တိုင်စာများကို စိစစ်ဖတ်ကြားဆွေးနွေးခဲ့ကြသည်။