လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် အောက်တိုဘာလ ၂၉ရက်နေ့နှင့် ၃၁ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး
ရုံးမှ လုံရှင်းဆောက်လုပ်ရေးသုံးပစ္စည်းထုတ်လုပ်သည့်စက်ရုံ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တင်ပြလာခြင်းကိစ္စ၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ၏ တိုင်ကြားစာကိစ္စ၊ ပဲခူးမြို့နယ်ရှိ Karisma Apparel Myanmar Co.,Ltd မှ အလုပ်သမားများ၏ တင်ပြအကူအညီ တောင်းခံလာခြင်းကိစ္စ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဇီးအုပ်အုပ်စု၊ ဇီးအုပ်ကျေးရွာ၊
အနာဂတ်မြို့ပြစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရေး သုံးသပ်ချက်အစီရင်ခံစာ တင်ပြရန်နှင့် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး၏ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ ပညာရေးလုပ်ငန်းများကို စွက်ဖက်ခြင်းကိစ္စနှင့်ပတ်သက်
၍ ဖြူးမြို့နယ်ပညာရေးမှူး၏ တိုင်ကြားစာအား ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲအား သုံးသပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ လွှတ်တော်အလုပ်သမားရေးရာအကြံပေး ဦးရဲနိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။