တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာ ကော်မတီသည် အောက်တို ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရေးရာ ကော်မတီ အစည်းအဝေးခန်းမ၌ ရန်ကုန် – မန္တလေး အမြန်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော
လယ်ယာမြေများအတွက် တောင်သူလယ်သမားများ လျော်ကြေးငွေ မရရှိသေးသည့်ကိစ္စရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ အမြန် လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့ မှ လက်ထောက် ညွှန်ကြားရေးမှူး၊ မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ ဦးစီးအရာရှိနှင့် တောင်သူလယ်သမား ၂ ဦးတို့ တက်ရောက်ခဲ့သည်။