လုပ်ငန်းညှိနှိုင်းအစည်းအဝေး

၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ အောက်တိုဘာ ၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ပြည်သူ့ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များ ၊ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသကြီး စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတု့ိ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။