ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်များသည် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၈နာရီခွဲတွင် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း
ကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပသော ပဲခူးတိုင်းဒေသကြီး၊ ၂၀၁၈ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ပညာေ ရးညွှန်ကြားရေးမှူးနှင့် ဆရာ/မများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများတက်ရောက်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်
ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။