မြေယာခွန်ဥပဒေ(မူကြမ်း) ပြဌာန်းနိုင်ရေး တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ၊ တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီတို့သည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပူးပေါင်းအစည်းအဝေးခန်းမ၌ သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းကအရပ်ဖက် လူမှုအဖွဲ့အစည်း NAG တို့ မြေယာခွန်ဥပဒေ( မူကြမ်း) နှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ကော်မတီမှမြေယာခွန်ဥပဒေ (မူကြမ်း) ရေးဆွဲရေးရာတွင် အဋ္ဌမပုံမှန်အစည်းအဝေး၌ တင်သွင်းအတည်ပြုပီးဖြစ်သောရေချိုငါးဥပဒေရေးဆွဲစဉ်ကအတိုင်း Public Consultation ပြုလုပ်ရာတွင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်၊ မြို့နယ် ၂၈ မြို့နယ်သို့ မြေပြင်ကွင်းဆင်းခရီးစဉ် ရေးဆွဲရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဌာနဆိုင်ရာများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့နှင့် တွေ့ဆုံဆွေးနွေးရန် နှင့် မြေယာခွန် ဥပဒေ အပြီးသတ် ပေါ်ပေါက်နိုင်ရေးအတွက် NAG မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ပြီး အရပ်ဖက် လူမှုအဖွဲ့အစည်း NAG Program Officer မှ မြေယာ အချက်အလက်များ ကောက်ယူ စုဆောင်းနေသည့် CPRCG မှ Data များနှင့်ချိတ်ဆက်ဆောင်ရွက်သွားရန်၊ စက်တင်ဘာလအတွင်း မြေယာခွန် ဥပဒေ Design ဆွဲရန်၊ ခရိုင်၊ မြို့နယ်များမှ သက်ဆိုင်ရာကိုယ်စားလှယ်များနှင့် ကွင်းဆင်းရန် အကြမ်းဖျဉ်း အနေဖြင့်လျာထားကြောင်း ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ရေးရာကော်မတီ ၂ ရပ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း NAG မှ Program Officer နှင့် စီမံကိန်းတာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။