လုပ်ငန်းညှိနှိုင်းအစည်းအဝေး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ရေးရာကော်မတီအစည်းအဝေးခန်းမ၌ သြဂုတ်လ ၂၀ ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပခဲ့သည်။

အစည်းအဝေးသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၈- ၁၉ ခု ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်းတွင် တင်ပြတောင်းခံထားသောလုပ်ငန်းများအား အသေးစိတ်စိစစ်ရန်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။