ရေးရာကော်မတီနှစ်ရပ် ပူးပေါင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီးငွေတိုးချစားသူများ ဥပဒေပြဌာန်းနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကေ်ာမတီနှစ်ရပ်သည် သြဂုတ်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အပေါ်ထပ် အစည်းအဝေးခန်းမ၌ ပူးပေါင်း ညှိနှိုင်းအစည်းကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး တိုင်းဦးစီးမှူး ဒေါ်မြမြမိုးနှင့် အဖွဲ့အားတွေ့ဆုံပြီး ဥပဒေမူကြမ်းနှင့်ပတ်သက်၍ စတင်ရေးဆွဲခဲ့မှု အခြေအနေများ၊ ပြည်ထောင်စုမှ ညွှန်
ကြားမှုအပေါ်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းသိရသည်။