တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ၂၀၁၈ခုနှစ်သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်သူများ၏ တိုင်ကြားစာ (၂ ) စောင်အား လေ့လာသုံးသပ်စစ်ဆေးခဲ့ပြီးကော်မတီ၏ စိစစ်တွေ့ရှိချက်နှ်င့် သဘောထားမှတ်ချက်အား တိုင်ကြားသူကာယကံ ရှင်များနှင့် သက်ဆိုင်ရာ ဌာနများသို့ ပြန်ကြားနိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ ၏ဆောင်ရွက်ချက်များရေးသားပြုစုခြင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ပြန်လည် ပေးပို့လာသည့် နှုန်းထားကွဲလွဲနေသော ယစ်မျိုးခွန်လိုင်စင်နှုန်းထားများအား သုံးသပ် ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။