ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲသို့ တက်ရောက်

ညောင်လေးပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦးသည် ဩဂုတ် ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီ တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဇီးကုန်းကြီး ကျေးရွာအုပ်စုမှ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီပြဿနာ တစ်ခုဖြေရှင်းမှု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…

ကွင်းဆင်းကြည့်ရှု

အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်သည် ဩဂုတ်လ ၂၁ ရက်နေ့တွင် NEP သုံးမိုင်အတွင်း လျှပ်စစ်မီးလင်းရေးနှင့် ပတ်သက်၍ ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

လေလံတင် ရောင်းချခြင်း အခမ်းအနားသို့ တက်ရောက်

ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ဩဂုတ်လ ၂၁ ရက်နေ့တွင် အရပ်ရပ်ဆိုင်ရာ အခွင့်အရေးလိုင်စင်များ လေလံတင် ရောင်းချခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ […]

Read More…

ပန္နက်တင် မင်္ဂလာအခမ်းအနားသို့တက်ရောက်

တောင်ငူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သော မဲဆန္ဒနယ် အမှတ် ၁ ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်၂ ဦးမိုးမခတို့သည် ဩဂုတ်လ ၂၁ ရက် နံနက်၉ နာရီတွင် ကျောင်းပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီးနောက်လူရည်ချွန်များအား စလွယ်နှင့်ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ […]

Read More…

ကျောက်ချောလမ်းများ ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှု

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်သည် သောင်လယ်ကျေးရွာ အုပ်စုရှိ သာစည် – ဒိုးတန်း ကျောက်ချောလမ်းနှင့်တောပုကျေးရွာအုပ်စုရှိ ကျောက်ကြီးဘက် – တောပု ကျောက်ချောလမ်း
များ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများအားဩဂုတ်လ၂၁ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…