ဆည်ရေသောက်စနစ်မှ ရေယူအဖွဲ့ဖွဲ့ရန် ညှိနှိုင်းအစည်းအဝေးတက်ရောက်

နတ်တလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးသည် ဇူလိုင်လ ၂ ရက်နေ့တွင် နတ်တလင်း မြို့နယ် ပန်းတင်ကြီးကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်၌ ပြုလုပ်သော ဆည်ရေသောက်စနစ်မှ ရေယူအဖွဲ့ ဖွဲ့ရန် တောင်သူများ၊ ဆည်မြောင်း SAE နှင့်အတူ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့သည်။   […]

Read More…

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီနှင့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ‌ကော်မတီတို့သည် ဇူလိုင် ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကော်မတီနှစ်ရပ် ပူးပေါင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ […]

Read More…

မေးမြန်းဆွေးနွေးခြင်းအခမ်းအနားကျင်းပ

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစိုးရ၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ဇူလိုင် လ ၂ ရက်နေ့တွင် သတ္တမအကြိမ်ကြားနာခြင်းတစ်စိတ်တစ်ပိုင်းဖြစ်သော မေးမြန်းဆွေးနွေးခြင်းအခမ်းအနားကျင်းပခဲ့သည်။ […]

Read More…

ရေစီးရေလာ ကောင်းမွန်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ် ကြသော မဲဆန္ဒနယ် အမှတ်(၁) ဦးသက်ဝင်းလှိုင်နှင့် မဲဆန္ဒနယ် အမှတ်(၂)ဦးကျော်ဇေယျတို့သည် ဇူလိုင်လ ၂ ရက်နေ့တွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အ ပြည်မြို့နယ် ဆည်မြောင်းဦးစီးဌာန ပဲခူးတိုင်း (အနောက်) ဒုတိယညွှန်ကြားရေးမှူး (တည်ဆောက် ရေး ၂) နှင့်တွေ့ဆုံပြီး အောင်ဆန်းတာအပြင်ဘက် ရေမြောင်းပြန် လည်တူးဖော်ရန်အတွက် ဆွေးနွေးခဲ့ပြီး စက်ယန္တရားအကူညီတောင်းခံခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့မှအင်ဂျင်နီယာများနှင့်အတူ ပြည်မြို့နယ်ရွှေတံခါး၊ အထက်နိဗ္ဗိန္ဒ၊ ဗိုလ်တထောင်၊ အရှေ့ပေါက် အိုးအိမ်ဝန်း တို့သို့ သွားရောက်ခဲ့ပြီး ရေစီးရေလာ ကိစ္စများအတွက်ရေနုတ်မြောင်းများတူးဖော်ရန် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။   […]

Read More…