စာသင်ခုံများ အရည်အသွေးစစ်ဆေးလက်ခံရာတွင် ပူးပေါင်းဆောင်ရွက်

သနပ်ပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် ဇွန်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် မြို့နယ် ပညာရေးမှုး ရုံး၌ စာသင်ခုံများ အရည်အသွေး စစ်ဆေးလက်ခံရာတွင် ပူးပေါင်းပါဝင် ဆောင် ရွက်ခဲ့သည်။ ၂၀၁၉-၂၀ ခု ပညာရေးဝန်ကြီးဌာန အ‌ခြေခံပညာ ဦးစီးဌာန ဘတ်ဂျက်ဖြင့် သနပ်ပင် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ၂၀၂၀ -၂၀၂၁ ခု ကျောင်းဖွင့်ရာသီအတွင်း စာသင်ခုံများဖြန့်ဝေထောက်ပံ့ရန် ရွှေမြင့်မိုရ်ကုမ္ပဏီသို့ အပ်နှံထားရှိရာ စာသင်ခုံ အနိမ့် ၃၃၀ ၊ စာသင်ခုံအမြင့် ၁၅၇ လုံး လာရောက်အပ်နှံခြင်းကို စာရေးခုံ ၊ ထိုင်ခုံနှင့် ပရိဘောဂအရည်အသွေး စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးလက်ခံခဲ့ခြင်း ဖြစ်သည်။ စာသင်ခုံများ […]

Read More…

တွေ့ဆုံညှိနှိုင်း‌ဆွေးနွေးပွဲတက်ရောက်

တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးအေးမင်းဝင်းနှင့် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးမိုးမခတို့သည်ဇွန်လ ၂၇ ရက်‌ နံနက် ၁၀ နာရီခွဲတွင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပ ပြုလုပ်သော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝက်ခေါက်စိန် – ကညင်နီ မြောင်လမ်းနှင့် စပါးကြွယ် – ဝသာလမ်း တစ်ကြောင်းထိုး လမ်းဖောက်လုပ် ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ NEP စီမံကိန်းလုပ်ဆောင်ခွင့်ရ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ရှိ သူများနှင့်အတူ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် လမ်းဖောက်လုပ်ရာ၌ကြန့်ကြာနေသည့် ကိစ္စရပ်များ၊ ဌာနချင်း ညှိနှိုင်းပေါင်းစပ်ရန်ကိစ္စ၊ ကုမ္ပဏီ၏ အခက်အခဲများ၊ မီးလင်းရန် […]

Read More…

လမ်းခင်းနေမှု လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

ဒိုက်ဦးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးသန်းထိုက်အောင်သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ ဘုန်းကြီးကျောင်းဘေးလမ်းကို ဖွံ့ဖြိုးရေးရန်ပုံငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့်အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ ရွာအဝင်လမ်းအား ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဂဝံခင်းခြင်း လုပ်ငန်းပြီးစီးမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

စီမံကိန်းကျေးရွာ ရွေးချယ်ခြင်း စံသတ်မှတ်ချက်များ အစည်းအဝေးတက်ရောက်

ကျောက်တံခါးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ၂၇ရက်နေ့ နံနက် ၁ဝနာရီတွင် ကျောက်တံခါး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသော ကျေးလက်ဒေသ ဖွံဖြိုးရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်း‌ ကျေးရွာ ရွေးချယ်ခြင်း စံသတ်မှတ်ချက်များ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ […]

Read More…

သစ်ပင်များစု‌ပေါင်းစိုက်ပျိုး

သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ဦးမျိုးမြင့်အောင်သည် သနပ်ပင်မြို့ ဗိုလ်ချုပ် ကြေးရုပ်ရှေ့၊မြို့အဝင်နှင့်မြို့တံတားအဆင်းနေရာများတွင် မြို့တော် သာယာ‌လှပရေးအတွက် သစ်ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ […]

Read More…