ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာပူးပေါင်းဆောင်ရွက်

တောင်ငူမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခသည် ဇွန်လ ၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်း ဒေသကြီး လွှတ်တော်၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့မှလှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်သွန်၊အာလူး၊ ကြက်ဥ၊ကော်ဖီမစ်၊ ခေါက်ဆွဲထုပ်များကို တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်များ ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအား သွားရောက်ပေးအပ်ရာတွင် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်မင်းလှိုင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ […]

Read More…

UNHCR ဘားအံရုံးမှလှူဒါန်းထားသော စောင်၊ ခြင်ထောင်များအား ပူးပေါင်းပေးဝေ

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ဦးတင်ဆန်းဦးသည် ဇွန်လ၆ရက်နေ့တွင် FQ စခန်းများသို့ နောက်တိုး ရောက်ရှိလာသူများအား စောင်၊ ခြင်ထောင်များ ပေးဝေရာ ပူးပေါင်းဆောင်ရွက်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးခဲ့သည်။ […]

Read More…

ကာကွယ်ထိန်းချုပ်ရေးစခန်းပြောင်းရွှေ့ ဖွင့်လှစ်ရာ ပူးပေါင်းဆောင်ရွက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်သည် မြို့နယ် အုပ်ချုပ်‌ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီးတို့နှင့် အတူ ဇွန်လ၆ရက်နေ့ နံနက်၈ နာရီတွင် ရေတာရှည်မြို့ အ.ထ.က COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စခန်းရှိ ပြည်တော်ပြန် ကျား ၆၂ယောက်၊ မ ၄၅ယောက် စုစုပေါင်း ၁၀၇ ယောက် တို့အား မြို့မအားကစားကွင်း COVID-19ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စခန်းသစ်သို့ ရွှေ့ပြောင်းရာတွင် ပူး‌ပေါင်း ဆောင်ရွက်ခဲ့သည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သဲကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဇော်နိုင်ဦးသည် ဇွန်လ ၆ ရက်နေ့တွင် အာဇာနည်ကျောက်တိုင်ကွင်းပုံဖော်နေမှုနှင့် ဝဲကြီးဆည် ရေကူ‌မြောင်းတွင် Level-Crossing တည်ဆောက်ရေးကွင်းဆင်းကြည့်
ရှုခဲ့သည်။ […]

Read More…

လူမှုဖူလုံရေးထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားများ တက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဒေါက်တာကျော်ကျော်သည် ဇွန်လ ၆ရက်နေ့ နံနက်၁၀နာရီတွင်‌ မြို့လှမြို့၊ အမှတ်(၅) သကြားစက်ခန်းမ၌ ကျင်းပ ပြုလုပ်‌သည့် တောင်ငူခရိုင် လူမှုဖူလုံရေးအဖွဲ့မှ သကြား စက် ဝန်ထမ်း၂၈၃ဦးအား COVID-19 ရောဂါထိန်းချုပ်ကာလအတွင်းခံစားလစာငွေ၏ ၄၀ရာခိုင်နှုန်းထောက်ပံ့ငွေ ၈၃၁၄၉၂၀ကျပ် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။ […]

Read More…