အိမ်ပြန်ခွင့်ရသူပြည်တော်ပြန်များအား တွေ့ဆုံမှာကြားပြီး မြို့နယ်ဆေးရုံအထောက်အကူပြုအစည်းအဝေးတက်ရောက်

ရေတာရှည် (၁) ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်သည် ဧပြီလ ၂၆ရက်နေ့တွင် အိမ်ပြန်ခွင့်ရသူပြည်တော်ပြန်များအား တွေ့ဆုံမှာကြားပြီး မြို့နယ်ဆေးရုံအထောက်အကူပြုအစည်းအဝေးသို့ တက်ရောက်သည်၊ […]

Read More…

ကော်မတီ အစည်းအဝေး တက်ရောက်

မြို့နယ်အဆင့် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ဧပြီ ၂၆ ရက်နေ့ကကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင်၊ မဲဆန္ဒနယ် အမှတ် ၂တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဆန်းဦး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။ နေ့လယ်ပိုင်းတွင် မဲဆန္ဒနယ် အမှတ် ၂ ဦးတင်ဆန်းဦးသည် အ.ထ.က ကျောက်ကြီး စောင့်ရှောက်ရေးစခန်းတွင် တာဝန်ကျ ဌာနဆိုင်ရာများနှင့်အတူ စခန်းတွင်း စောင့်ရှောက်ခံ ပြည်သူများကို ကျန်းမာရေး နေထိုင်စားသောက်မှု လိုအပ်ချက်များ FQ ထားရှိရခြင်းများနှင့် ပတ်သက်၍ အသိ ပညာပေးခြင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ […]

Read More…

သပိတ်ချောင်း တူးဖော်နေခြင်းအား ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ဧပြီလ ၂၆ ရက်နံနက် ၈နာရီတွင် ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့ (အောင်မြင်) သပိတ်ချောင်း တူးဖော်နေခြင်းကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့သည်။ […]

Read More…

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကျောက်တံခါးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးလင်းလင်းကျော်သည် ဧပြီ ၂၆ ရက်နေ့တွင်စည်ပင်ဘက်ဂျက် ဖြင့် ဆောင်ရွက်နေသော ဖဒိုမြို့တွင်း မိန်းလမ်းဘေး ရေမြောင်းများဆောင်ရွက် ရာတွင် ရေမြောင်းအတွင်း ကျရောက်နေသော လျှပ်စစ် မီးတိုင်များ ရွှေ့ပြောင်း နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြီးနောက်ကွင်းဆင်းကြည့်ရှုပြီးအကောင်း ဆုံး ဆောင်ရွက်နိုင်ရေးညှိနှိုင်းခဲ့ကြသည်။ […]

Read More…