COVID-19 ကာကွယ်ရေးစခန်းများနှင့် ဈေးသို့ကွင်းဆင်း

ဖြူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဖြူး ခုတင် ၁၀၀ ဆေးရုံအုပ်၊ ဖြူးမြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ အမှုဆောင်အရာရှိတို့နှင့်အတူ ဧပြီလ၁၉ရက်နေ့တွင် ဖြူးမြို့နယ် နယ်စပ်များတွင် ဖွင့်လှစ်ထားသည့် ပြောင်သေ၊ ဆားဂွန်း၊ကွင်းချောင်းမော်တော်ယာဉ် စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ ဖြူးမြို့နယ်သို့ ဖြတ်သန်းသွားလာ သည့် ကိုယ်ပိုင်ယာဉ်များ၊ အငှားယာဉ်များပေါ်ရှိ ခရီးသည်များအား မှတ်တမ်းယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း များ ပြုလုပ်နေမှုကို ကြည့်ရှု စစ်ဆေးခြင်းအား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည်။ […]

Read More…

နှာခေါင်းစည်းများတပ်ဆင်သွားလာကြရန် အသိပညာပေး ပူးပေါင်းဆောင်ရွက်

ပြည်သူများနှာခေါင်းစည်းများတပ်ဆင်သွားလာကြရန် အသိပညာပေး စစ်ဆေးခြင်းများ ကျောက်ကြီး ၂ ကိုယ်စားလှယ် ဦးတင်ဆန်းဦးသည် ဧပြီ ၁၉ရက်နေ့တွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ […]

Read More…

မြို့နယ်တွင်းရှိ COVID-19 ကာကွယ်ထိန်းချုပ်ရေးစခန်းများနှင့် ဈေးသို့ ကွင်းဆင်းပူးပေါင်းဆောင်ရွက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်သည် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ဧပြီ ၁၉ရက်နေ့ နံနက် ၈ နာရီခွဲမှစ၍ရေတာရှည်မြို့ COVID-19 မြို့ဝင် စစ်ဆေးရေးဂိတ်၊ မြို့လှမြို့ (အ.ထ.က) COVID-19 ကြိုတင် ကာကွယ် ထိန်းချုပ်ရေးစခန်း၊ သာဂရမြို့(အ.ထ.က)COVID-19ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စခန်းများသို့ သွားရောက်၍ စခန်းတွင်း ဆောင်ရွက်ထားမှုများအား အားဖြည့်ပူးပေါင်းဆောင်ရွက်ခဲ့သည်။ […]

Read More…