နိုင်ငံတော်မှထောက်ပံ့ပစ္စည်းများ‌ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက် ပေးအပ်

ပဲခူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံသည် ဧပြီလ ၁၄ ရက်နေ့တွင် ပဲခူး ကလျာဏီ ရပ်ကွက်ရှိ လက်လုပ် လက်စား အိမ်ထောင်စုများသို့ ဆန်၊ ဆီ၊ ဆားစသည့် နိုင်ငံတော်မှထောက်ပံ့ ပစ္စည်း ၅မျိုးပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပေးအပ်ခဲ့သည်။ […]

Read More…

အလှူပစ္စည်းများပြန်လည် လှူဒါန်းရာတွင် ပူးပေါင်းဆောင်ရွက်

ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ဧပြီ ၁၄ ရက်နေ့တွင် ရွှေနွယ်ဝင်ကုမ္ပဏီမှ လှူဒါန်းသော face mask များ၊ ဝေါမြို့နယ် စီမံကိန်းဦးစီးမှူးနှင့် ဒုဦးစီးတို့မှ လှူဒါန်းသော hand gel များ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးပို့ခဲ့သော ပိုးသတ်ဆေးရည်များကို ဝေါမြို့နယ် အုပ္ဖိုလ်အုပ်စု၊ ကျောက်ပုံကျေးရွာ ဓမ္မာရုံတွင် ရပ်ကျေး covid 19 ကာကွယ်၊ ထိန်းချုပ် ကုသရေးစောင့်ကြည့်စခန်းများဖြစ်သော တနော်ကျွန်း (အ.ထ.က)၊အုပ္ဖိုလ် (၁) (အ.လ.က)ခွဲ၊ အုပ္ဖိုလ် (၂)(အ.လ.က)၊ အုပ္ဖိုလ် (၃)(အ.လ.က) ခွဲ၊ ကျောက်ပုံကျေးရွာ (အ.မ.က)မူလွန်ကျောင်းများအား အလှူရှင်များကိုယ်စား ရပ်ကျေး ကော်မတီအဖွဲ့မှ တာဝန်ရှိသူများကို အဖွဲ့ချုပ်မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ချုပ် […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးသည် ဧပြီလ ၁၄ ရက်နေ့က နတ်သံကွင်းမြို့ စစ်တောင်းမြစ်ကူးတံတား နှင့် ဘုန်းကြီးကျောင်း၊ ဈေးနှင့် လမ်းဘေးလူစည်ကားရာ နေရာများတွင် ပိုးသတ်ဆေး ဖျန်းခြင်းကို ယာယီအုပ်စု အုပ်ချုပ်ရေးမှူး၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ၊ NLD ရပ်/ ကျေးဥက္ကဋ္ဌ၊ လူငယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်စစ်သားလမ်း တစ်လျှောက်ကွန်ကရိလမ်းခင်းခြင်း လုပ်ငန်းနှင့် ရေပြွန် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

COVID-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးစခန်းသို့ သွားရောက် အားဖြည့် ဆောင်ရွက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်သည် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဧပြီ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် သာဂရ(အ.ထ.က) COVID-19 ကြိုတင် ကာကွယ်ထိန်းချုပ်ရေးစခန်းသို့ သွားရောက်၍ စခန်းတာဝန်ရှိသူများကို အားဖြည့်ဆောင်ရွက်ခြင်းအနေဖြင့် စခန်းတွင်း ရှိ ပြည်တော်ပြန်များကို၁၄ ရက်စောင့်ကြည့်နေထိုင်စေခြင်းမှ ၂၁ရက်စောင့်ကြည့် နေထိုင်စေခြင်းအပေါ် သဘောထားနားလည်လက်ခံနိုင်ရေး ဆွေးနွေးညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။ […]

Read More…

ပံ့ပိုးလှူဒါန်းပစ္စည်းများ ပေးအပ်ရာ ထန်းတပင်၂ကိုယ်စားလှယ် ပူးပေါင်းဆောင်ရွက်

ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်သည် ဧပြီ ၁၄ ရက်‌နေ့တွင် နိုင်ငံတော်အစိုးရမှ လက်လုပ် လက်စား ပြည်သူ များအား ထောက်ပံ့သည့်ပစ္စည်းငါးမျိုး (ဆန်၊ဆီ၊ ဆား၊ ကြက်သွန်၊ ကုလားပဲ) တို့အား ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ်၂ နယ်မြေ အတွင်းရှိ ကျေးရွာနေ ပြည်သူများသို့ ပေးအပ်ရာတွင် မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ၊ တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနဦးစီးမှူး၊ မြေစာရင်းဦးစီး ဌာနဦးစီးမှူးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ […]

Read More…