COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစည်းအဝေးနှင့်အ‌ခြေခံစားသောက် ကုန်ဖြန့်ဝေရေး ကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့်စားသောက်ကုန်ဖြန့်ဝေပေးအပ်ပွဲသို့ တက်ရောက်

ရေတာရှည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ကျော်ကျော် သည် ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီတွင် ရေတာရှည်မြို့၊ အ.ထ.က COVID-19 ကြိုတင် ကာကွယ် ထိန်းချုပ်ရေးစခန်း၌ ပြည်ပမှပြန်လာသူများ ၁၄ ရက်ကျန်းမာရေး စောင့်ကြည့်မှု ရက်ပြည့်သူများအား တွေ့‌ဆုံ၍ ကျန်းမာရေးဌာန၏လမ်းညွှန်ချက်နှင့်အညီမိမိနေအိမ်များတွင်နေထိုင်ကြရန်မှာကြားခဲ့သည်။ […]

Read More…

လက်ဆေးဂျယ်နှင့်လက်ဆေး အရက်ပျံများ သွားရောက်ပေးအပ်

ဖြူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်စိန်သည် ဧပြီ ၁၁ ရက်နေ့တွင် ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖြူးမြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ ဖြူးခုတင် ၁၀၀ ဆေးရုံအုပ်တို့နှင့် အတူ ဖြူးမြို့နယ်ဇေယျဝတီမြို့ B.Sc တိုင်းရင်းဆေးလုပ်ငန်းမှ လှူဒါန်းသည့်
ဆေးပစ္စည်းများ၊ လက်ဆေးဂျယ်နှင့် အရက်ပျံများအား တိုင်းဒေသကြီး လွှတ်တော်ရုံး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီးထွေ/အုပ်ရုံးတို့အား သွားရောက်ပေးအပ်ခဲ့သည်။ […]

Read More…

လယ်မြေအတွင်း ခွင့်ပြုချက်မဲ့ ငါးကန်တူးဖော်နေမှု ကွင်းဆင်းကြည့်ရှု

သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် ဧပြီ ၁၁ ရက်နေ့တွင် လယ်သမားများ၏တင်ပြချက်အရ လယ်မြေအတွင်း တခြားနည်းအသုံးပြုမှုခွင့်ပြုချက်မရှိ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး မှ၄ ကြိမ်တိုင် တားမြစ်ထားသော်လည်း ငါးကန်ဆက်လက်တူးဖေါ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

Covid – 19 ရောဂါကာကွယ်ရေး အတွက် ဆေးရုံးသုံးပစ္စည်းများလာရောက်လှူဒါန်းခြင်းတွင် ပူးပေါင်းဆောင်ရွက်

သဲကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးသည် ဧပြီလ ၁၁ ရက်နေ့တွင် သဲကုန်းမြို့နယ်၊ပုတီးကုန်းမြို့ ပြည်သူ့ဆေးရုံသို့ ဆေးရုံသုံး ပစ္စည်းများထောက်ပံ့လှူခြင်းကို ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး နှင့်အတူကွင်းဆင်းဆောင်ရွက်ခဲ့သည်။ […]

Read More…

လူစည်ကားရာ အရပ်များ၌ ပိုးသတ်ဆေးဖြန်းပေးနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်ဆန်းဦးသည် ဧပြီလ ၁၁ ရက်နေ့က နတ်သံကွင်းမြို့ COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးကော်မတီ အလှူခံပစ္စည်းများ လက်ခံဖြန့်ဝေ ရေးရုံးတွင် မြို့တွင်း လူစည်ကားရာ အရပ်များ၌ ပိုးသတ် ဆေးဖြန်းပေးနိုင်ရန် ဆေးဖျော်စပ် သုံးစွဲရန်နှင့်
ဝတ်စုံများဝတ်ဆင် ပက်ဖျန်း ခွင့်ပြုရမည့် နည်းလမ်းများ၊ နတ်သံကွင်း စောင့်ရှောက်ရေး စခန်းအခြေအနေများကို တိုက်နယ်ဆရာဝန်၊ ကော်မတီအဖွဲ့ဝင်များနှင့်အတူညှိနှိုင်းဆွေးနွေးခဲ့သည်။ […]

Read More…