သက်ကြီးထောက်ပံ့ပင်စင်များပေးအပ်ပြီး ကွင်းဆင်းကြည့်ရှု

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးသည် မတ်လ ၁၁ ရက်နေ့ က နတ်သံကွင်းမြို့၊ သက်ကြီးအဖိုးအဖွားများအား လူမှုရေးထောက်ပံ့ပင်စင်များပေးအပ်ခဲ့သည်။ […]

Read More…

လမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှု

ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ဦးကျော်မင်းစံသည် ကျေးလက်လမ်းဦးစီးဌာနဘက်ဂျက်ဖြင့် ‌ဆောင်ရွက်နေသော ပဲခူး ကျောက်တန်းလမ်းနှင့် ကင်းပိုင်ခြုံ – ထုံးကြီးလမ်း ခင်းကျင်းမှုကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ မေးမြန်းညှိနှိုင်းဆွေးနွေးခဲ့သည်။ […]

Read More…

တိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ပန္နက်ရိုက်ပွဲသို့တက်ရောက်

ဝေါမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ဒေါ်ရီရီထိုက်သည် ကျင်းပပြုလုပ်သည့် ဝေါမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် သူရဲသမိန် တိုက်နယ်ဆေးရုံတွင် လေးခန်းတွဲဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ပန္နက်ရိုက်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ […]

Read More…

နေအိမ်မီးလောင်ကျွမ်းမှုနှင့် စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှု

အုတ်ဖိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ဦးစောသူရအောင်သည် အုတ်ဖိုမြို့နယ်၊ ရွာမ ရပ်ကွက်၊ ရွာမ (၅) လမ်း ဦးကျော်ငြိမ်း နေအိမ်မှတဆင့် နေအိမ် (၃) လုံး အပါအဝင်စုစုပေါင်းနေအိမ်(၄)လုံးမီးလောင်ကျွမ်းမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် ပဲခူးတိုင်း‌ဒေသကြီး
လွှတ်တော် ပူးပေါင်းအစည်းအဝေးခန်းမ၌ မိုးညိုမြို့နယ်၊ ဆင်မနိုင်ဇုံနယ်ပိုင် ကျေးလက် ကျန်းမာရေးဌာနအား စံကိုက်အဆောက်အဦများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးကိစ္စအတွက် ကျန်းမာရေးဌာနပိုင်မဟုတ်သော အခြားမြေနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန် စီမံနေခြင်းကို လုံးဝသဘောမတူ ကန့်ကွက်ပါကြောင်း တင်ပြလာခြင်းကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံ‌ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ […]

Read More…