ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေး၊ တိုင်းဒေသကြီးလယ်စီအင်း၊ တိုင်းဆည်မြောင်း၊ တိုင်းရေအရင်းအမြစ်တို့နှင့်အတူ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့သို့ ၁၄၅၀ အချိန်တွင်ရောက်ရှိခဲ့ပြီး မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့်ရရှိရေးနှင့် သိမ်းဆည်းမြေများပြန်လည်ရရှိရေး တင်ပြကြသည့် ဒေသခံများနှင့် တွေ့ဆုံ၍ တင်ပြချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ညနေ ၁၆:၀၀ အချိန်တွင် ပန်းတောင်းမြို့နယ်၊ ကျီးပင်အုပ်စု၊ တဲကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲတက်ရောက်ခဲ့သည်။ ထို့နောက် ကျောက်ဖူးအုပ်စု၊ ကျောက်ဖူးကျေးရွာနှင့် ပဲကြီးအုပ်စု၊ ကရင်ခုံကျေးရွာများရှိ တောင်သူများမှ မြေလွတ်မြေလပ် ပြန်လည် ရရှိရေးဆိုင်ရာလျှောက်ထား တင်ပြသည့်နေရာများအား ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ […]
ပန်းတောင်း(၁)ဒေါ်ဇင်မိုးထိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
