မြေသားလမ်း ဖောက်လုပ်မည့် အခြေအနေအား ပေါက်ခေါင်း(၂)ကိုယ်စားလှယ်ကွင်းဆင်းကြည့်ရှု

ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ပေါက်ခေါင်းမြို့နယ် မီးတိုပြင်သာလမ်း ၃ မိုင် ၄ဖာလုံ
တစ်ကြောင်းထိုးမြေသားလမ်းဖောက်လုပ်မှု ဆောင်ရွက်မည့် အခြေအနေအား စီမံကိန်းဦးစီးဌာန၊ ကျေးလက်လမ်း/တံတားဌာန၊ ခေတ္တရာပန်းရွှေပြည် တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာ လမ်းကော်မတီ အဖွဲ့များနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ကုန်ထုတ်လမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှု

ရွှေတောင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝေသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရွေတောင်မြို့နယ်၊ ဇီးကျွန်းအုပ်စု၊ မင်းကြီးကုန်းကျေးရွာ၌ ၂၀၁၉-၂၀၂၀
ဘဏ္ဍာနှစ် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း မြေနီကျောက်စရစ် ခင်းနေမှုအား ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူး၊ ကုမ္ပဏီတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရွှေကျင် ၂ ကိုယ်စားလှယ်ကွင်းဆင်းဆောင်ရွက်

ရွှေကျင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်လှလှဝင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်ချောင်း နံဘေးကမ်းနား‌ လမ်းရှိ ကျူးကျော်များရှင်းလင်းရေးနှင့်ရှမ်းကြေးတံတားအဟောင်းအား၂၀၁၉-၂၀ စည်ပင်ဘတ်ဂျက်ဖြင့် သံကူကွန်ကရိတံတား အသစ်ပြန်လည်တည်ဆောက်နိုင်ရေးတို့ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌတို့နှင့်အတူ ကွင်းဆင်းညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့သည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းသည် ဖေဖော်ဝါရီ ၁၉ရက်တွင် ထန်းတပင်မြို့နယ်၊ ညောင်ဝိုင်း-ကျီတော်ကုန်ထုတ်လမ်းပေါ်ရှိ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် ကွန်ကရိတံတား တည်ဆောက်နိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးမှူး၊ တင်ဒါအောင် ကုမ္ပဏီမှ QC၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။ […]

Read More…

ကျောင်းဆောင်သစ်တည်ဆောက်နေမှု အချိန်မီပြီးစီးရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

ရွှေတောင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်သည် ဖေဖော်ဝါရီ ၁၉ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပသော 2019-20ခု ဘဏ္ဍာရေးနှစ်အတွင်း ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် စာသင်ကျောင်းဆောင်များ အရည်အသွေး ကောင်းမွန်စေရန်နှင့် အချိန်မီပြီစီးစေရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…