VDP စီမံကိန်းဖြင့် လမ်းခင်းနေမှု ကွင်းဆင်းကြည့်ရှု

အုတ်တွင်း မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် အုတ်တွင်းမြို့နယ် သရက်ပင်မောင်နှမကျေးရွာတွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းခင်းနေမှုအားကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကိုပူးပေါင်းညှိနှိုင်း ဆွေးနွေးခဲ့ သည်။ […]

Read More…

လမ်း/ တံတားများ တည်ဆောက်နေမှု ကွင်းဆင်းကြည့်ရှု

သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကမာစဲစံပြ ကျေးရွာ ကမာစဲ – ကပင်လမ်း အစပိုင်း မြောက်စက်ရပ်ကွက် ရှိ မြေသားလမ်းအား အလျားပေ ၂၅၀၀ ကွန်ကရိခင်းရန် ဆောင်ရွက်နေမှု၊ တံတား ဆောက်လုပ်ရန် မြေနေရာပြင်ဆင်နေမှုနှင့် တံတားအနောက်ဖက်ထိပ်ရှိချိုင့်အား မြေသားလှူဒါန်းဖြည့်ဆည်းနေမှုအား ကြည့်ရှု၍ ကုမ္ပဏီတာဝန်ရှိသူ များ၏ လုပ်ငန်းဆောင်ရွက်နေမှုအား မေးမြန်းဆွေးနွေးခဲ့သည်။ […]

Read More…

ကျေးရွာသောက်သုံးရေရရှိရန် ကန်တူးဖော်‌နေမှု ကွင်းဆင်းကြည့်ရှု

ကြို့ပင်ကောက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦး‌အောင်ကိုမင်း သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် ကံကြီးကျေးရွာအုပ်စုအတွင်း ‌သောက်သုံး ရေရရှိရေးအတွက် ကန်တူးဖော်‌နေမှုလုပ်ငန်းအား ဌာနဆိုင်ရာမှတာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့သည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမျိုးကြည်သည် ဖေဖော်ဝါရီ လ ၂ရက်နေ့တွင် မှုံကတုံးကျေးရွာ၊ ရွာလယ် စာသင်ကျောင်း၌ မြို့နယ်ပါတီ အလုပ်အမှုဆောင်များနှင့် အတူ ကျေးရွာမီးလင်းရေးကော်မတီနှင့် ကျေးရွာပြည်သူများအား ငွေစာရင်းနှင့် မီတာရရှိမှု အခက်အခဲ များကို မြို့နယ် လျှပ်စစ်မှူးနှင့် ညှိနှိုင်းရှင်းလင်းပေးခဲ့ပြီး သံကလွတ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။ […]

Read More…

ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

သနပ်ပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်ဦးမျိုးမြင့်အောင်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှုးရုံး၌ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပ ပြုလုပ်သော ၂၀၁၉ – ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့် ပညာရေးဌာန၏ ကျောင်းဆောင်သစ် ( type-c )များ အချိန်မီ ပြီးစီးရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ လွယ်ကူချောမွေ့စေရန်အတွက် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…