ဝေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ဝေါမြို့ နယ် အောက်ကွေ့ကြီးကျေးရွာ ရွာလယ်စာသင်ကျောင်းတွင် ကျင်းပသော အောက်ကွေ့ကြီးကျေးရွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ VDP သိန်း ၁၀၀ စီမံကိန်းလုပ်ငန်း ဦးစားပေးရွေးချယ် ရေး ညှိနှိုင်းအစည်းအဝေးသို့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တက်ရောက်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်သည် ညနေပိုင်းတွင် ဝေါမြို့နယ် လေးအိမ်စုကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် ကျင်းပသော လေးအိမ်စုကျးရွာVDP သိန်း၁၀၀ စီမံကိန်း လုပ်ငန်းအား ဦးစားပေးအစီအစဉ်များ ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အဖွဲ့ချုပ် မြို့နယ်EC ဦးတင်မြင့်၊ အဖွဲ့ချုပ်မြို့နယ်အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။ […]
VDP သိန်း ၁၀၀ စီမံကိန်း ညှိနှိုင်းအစည်းအဝေးများတက်ရောက်
