ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ(၃/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ နိဒါန်း ၁။      ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင် ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇ အပိုဒ်(က)၊ (ခ)၊ (ဂ)အရလည်းကောင်း၊ ၂၀၁၃ခုနှစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ ၂၄၊ ၂၅၊ ၂၆အရလည်းကောင်း၊ ၂၀၁၄ခုနှစ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂ နည်းဥပဒေခွဲ (က)၊ (ခ)အရ ရေးရာကော်မတီ (၁၀)ခုဖွဲ့စည်းထားရှိသည့်အနက် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ် ရေးကော်မတီသည်လည်းအပါအဝင်ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များသည် မိမိတို့ မြို့နယ်အလိုက် ကိုယ်စားပြု၍သော်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးကို ကိုယ်စားပြု၍ သော်လည်းကောင်း၊ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၄/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ (၁၄)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၄/၂၀၁၉) နိဒါန်း ၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပေးအပ်သော    တာဝန်များကို လေးစားလိုက်နာလျက် လွှတ်တော်အစည်းအဝေးများ ကျင်းပချိန်အတွင်း လွှတ်တော် ကိုယ်စားလှယ်များ စည်းကမ်းတကျတက်ရောက်နိုင်ရေး၊ ပျက်ကွက်မှုများ၊ ခွင့်တိုင်ကြားမှုများအား မှတ်တမ်းတင်ခြင်း၊ တက်ရောက်လာကြသော ကိုယ်စားလှယ်များ၏ အခွင့်အရေးပြည့်ဝစွာခံစားနိုင်ရေး နှင့်ရေးရာကော်မတီများ၏ အစည်းအဝေးကျင်းပမှုများအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံခြင်း များကို ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရည်ရွယ်ချက် ၂။       ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြတောင်းဆိုသော အချက်အလက်များနှင့် အခွင့်အရေးများ အပြည့်အဝ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်…………………………… […]

Read More…