ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၃/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေး၊  ဆည်မြောင်းနှင့်  မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့တင်သွင်းသည့်အစီရင်ခံစာ(၃/၂၀၁၉) နိဒါန်း ၁။      ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊  မွေးမြူရေး၊  ဆည်မြောင်းနှင့်  မြေယာကိစ္စရပ်များဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏အကျိုးစီးပွား အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများရှင်သန်အားကောင်းစေရေး သိမ်းဆည်းခံလယ်ယာမြေများ သတ်မှတ်ကာလအတွင်း မူလ ပိုင်ရှင်များထံသို့ မှန်မှန်ကန်ကန်ရောက်ရှိရေးတို့ကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက် ၂။       စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကအားထားရသည့်နိုင်ငံဖြစ်သည်နှင့်အညီ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းပညာများ ရရှိပြီး စျေးကွက်ဝင်သီးနှံများထုတ်လုပ်နိုင်ရန်နှင့် တစ်ဦးချင်းဝင်ငွေမြင့်မားပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုဘဝများကိုရရှိစေရန် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………….. […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုသို့ နေထိုင်ကြရာတွင် တောင်တန်း၊ မြေပြန့်၊ လူမျိုး၊ ဘာသာမခွဲခြားဘဲ တိုင်းရင်းသားညီအစ်ကိုများသည် အခွင့်အရေးများ တန်းတူညီမျှစွာရရှိရေး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးတို့သည် နိုင်ငံတော်အတွင်းမှီတင်းနေထိုင်လျက်ရှိသည့် နိုင်ငံသူ နိုင်ငံသားများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိ အစိုးရလက်ထက်မှစတင်ကာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အတူ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏အရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ပဲခူးတိုင်း ဒေသကြီးလွှတ်တော်တွင်လည်း တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၇ အပိုဒ် (က)၊ (ခ)၊ (ဂ)တို့အရလည်းကောင်း၊ ၂၀၁၃ခုနှစ် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ […]

Read More…