ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် ဇူလိုင်လ ၂၆ ရက်နေ့  နံနက် ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။ […]

Read More…

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်

ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ဦးဝင်းနိုင်သည် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်အုပ်စု၊ ချောင်းကျိုးကျေးရွာ တောင်သူ ဦးဝင်းမောင်ပိုင်ဆိုင်သော မြေကွက်၌ တောင်နဝင်းရေလှောင်တမံ ရေဝေရေလဲ စိမ်းလန်းစိုပြေရေး အထောက်အကူပြု မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွှတ်တော်များနှင့် အစိုးရအဖွဲ့အဆင့်ဆင့်တို့မှ ပြောင်းလဲဖြစ်ထွန်းမှုများ ဖြစ်ထွန်းပေါ်ပေါက်စေရန် အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတို့၏မြို့နယ်များကို ကိုယ်စားပြု၍သော်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကို ကိုယ်စားပြု၍သော်လည်းကောင်း၊ ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးစသည့် ကဏ္ဍပေါင်းစုံအတွက် ဥပဒေပြုရေးမဏ္ဍိုင်မှ အုပ်ချုပ်ရေး/ တရားစီရင်ရေးမဏ္ဍိုင်များကို ဥပဒေပြုရေးတာဝန်၊ အပြန်အလှန်ထိန်ကျောင်းရေးတာဝန်၊ ပြည်သူများကိုယ်စားပြုရေးတာဝန်များအရ လိုအပ်သောဥပဒေများကို ပြုစုပြဋ္ဌာန်းလျှက်ရှိသည့်အပြင် မေးခွန်းများ၊ အဆိုများအား မေးမြန်းခြင်း/ တင်သွင်းခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။ အစိုးရ၏ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီသည် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူလယ်သမားများနှင့် ပြည်သူများ၏ ဘဝရပ်တည်ရေးကို ရှေိ့ရှုကာ တောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ ၎င်းတို့၏ နစ်နာမှုများ၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာနည်းပညာများ၊ ဆည်ရေသောက်စနစ်ဖြင့် လုပ်ကိုင်လျက်ရှိသော တောင်သူလယ်သမားများ ဆည်ရေအပြည့်အဝရရှိရေးစသည့်အချက်များအား ကော်မတီ၏လုပ်ပိုင်ခွင့်ထဲမှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ပေါင်းစပ်ညှိနိှုင်းပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည့်အပြင် ဥပဒေပြုရေးကဏ္ဍအား မြှင့်တင်သောလုပ်ငန်းတစ်ရပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)အား ပြည်သူ့အသံကြားနာပွဲများ တိုင်းဒေသကြီးအတွင်း မြို့နယ်တိုင်းတွင် ဆောင်ရွက်ကာ ဥပဒေပြုရေးကဏ္ဍတို့ အရည်အသွေးမြင့်မားအောင် ဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက် ၂။      […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးနှင့် ယခုကျင်းပလျက်ရှိသည့် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကြားကာလတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက် ၂။          စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ၂၀၁၆ခုနှစ် စည်ပင်သာယာရေးဥပဒေအရ ပေါ်ထွက်လာသည့် ကော်မတီဝင်များ၏ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်အားကောင်းလာစေရန်၊ စိစစ်ခွင့်ပြုရသည့် စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများအတွက် ခွင့်ပြုငွေများအား လေလွင့်မှုမရှိစေဘဲ ဒေသအကျိုးအတွက် စနစ်တကျ အသုံးပြုနိုင်ရန်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်ကော်မတီနှင့် စည်ပင်ဌာနဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေးအတွက် ပံ့ပိုးကူညီရန်၊ […]

Read More…