တွေ့ဆုံပွဲသို့ တက်ရောက်

ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်ဝင်းလှိုင်သည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်မြို့၊ ခရမ်းကုန်းရပ်၊ မြတ်စေတနာဓမ္မာရုံ၌ကျင်းပသော ပြည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အဖွဲ့ပိုင်မြေအတွင်း နေထိုင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…

စီးပွားရေးစီမံခန့် ခွဲမှုသင်တန်းသို့ တက်ရောက်ဖွင့်လှစ်

ရွှေတောင်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးညွန့်ဝေသည် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရွှေတောင်မြို့နယ် ချည်မျှင်နှင့်အချောကိုင်စက်ရုံ၌ မြန်မာနိုင်ငံ၏ အထည်အလိပ်လုပ်ငန်းများအတွက် ဂျပန်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲသို့ ဌာနဆိုင်ရာများ၊စက်ရုံတာဝန်ရှိသူများ၊ စက်ရုံအလုပ်သမားများနှင့်အတူတက်ရောက်ဖွင့်လှစ်ခဲ့သည်။ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် မိမိတို့ကော်မတီနှင့် သက်ဆိုင်သည့် သယံဇာတတူးဖော်ခြင်းနှင့် ပတ်သက်သောလုပ်ငန်းများ သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သောလုပ်ငန်းများမှ မိမိတို့ တိုင်းဒေသကြီးအတွင်း အခွန်ဘဏ္ဍာတိုးပွားရရှိရန်နှင့် တရားဝင်လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေသောလုပ်ငန်းရှင်များအား လိုင်စင်များရယူကာ ဥပဒေဘောင်အတွင်းမှ စည်းကမ်းတကျ ဆောင်ရွက်စေရန်အတွက် ပဲခူးခရိုင်၊ တောင်ငူခရိုင်အတွင်း မြို့နယ်(၁၄)မြို့နယ်နှင့် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက် ၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်မှ ပေးအပ်သော တာဝန်များကို လေးစားလိုက်နာလျက် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံး စည်းကမ်းကျနရေး၊ ပျက်ကွက်မှု၊ ခွင့်တိုင်ကြားမှု၊ တက်ရောက်မှုများအား စနစ်တကျမှတ်တမ်းတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများ ပြည့်ဝစွာခံစားနိုင်ရေးအတွက် ရေးရာကော်မတီအစည်းအဝေးများ ကျင်းပပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက် ၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုသ​ော အချက်အလက်များနှင့် အခွင့်အရေးများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………………. […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက်အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပ​ြုလုပ်သောလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေါ်လုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့် ပတ်သက်သောလုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် လတ်တလောအကောင်အထည်ဖော်ရန် မသင့်သေးသောလမ်းများကို အတက်နိုင်ဆုံးစိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖ​ြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းစဉ်များအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပ့ံပိုးနိုင်ရန်၊ အရေးကြီးသောတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။ ရည်ရွယ်ချက် ၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် […]

Read More…