ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၃/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၃/၂၀၁၈) နိဒါန်း ၁။          ဒုတိယအကြိမ်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီကို (၁၀.၉.၂၀၁၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့တွင် အောက်ပါအတိုင်းပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်− (က) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ (၁) ဦးစည်သူလွင် ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ (၂) ဦးအောင်အောင် မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး (၃) ဦးဝင်းနိုင် ပေါက်ခေါင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (၄) ဒေါ်ပပဟန် ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (၅) ဦးမျိုးမြင့်အောင် သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (၆) ဦးမိုးမခ တောင်ငူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (၇) ဦးအေးဝင်း […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈) နိဒါန်း ၁။          ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင်တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုရေးမဏ္ဍိုင်အား ပိုမိုအားကောင်းလာစေရန် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ−၁၈၈ ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများအား လေ့လာသုံးသပ်ခြင်း၊ ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့သည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေများအား အသစ်ပြဋ္ဌာန်းနိုင်ရေးနှင့် ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘဏ္ဍာနှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်း သာမန်အသုံးစရိတ်လျာထားချက်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်များတွင် ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမရှိစေရေး စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။ ရည်ရွယ်ချက် ၂။          […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီ(၁၀)ခုအနက် (၁)ခုအပါအဝင် ဖြစ်ပြီး ရေးရာကော်မတိတစ်ခုချင်းစီအလိုက် တာဝန်ယူစောင့်ကြည့်ရမည့် အစိုးရအဖွဲ့ဝန်ကြိးဌာနများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ၊ လွှတ်တော်မေးခွန်း၊ အဆို၊ ကတိကဝတ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများ၊ ဥပဒေလုပ်ထုံး/လုပ်နည်းများနှင့်အညီ ဆောင်ရွက်နေမှုများ စသည်တို့ကို စောင့်ကြည့်ထိန်းကျောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီး အကယ်၍ လိုအပ်ပါက လွှတ်တော်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ခေါ်ယူကြားနာခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည့်အပြင် ဒုတိယအကြိမ်လွှတ်တော် နဝမပုံမှန်အစည်းအဝေးနှင့် ယခုဒုတိယအကြိမ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး မကျင်းပမီကာလအထိ ဆောင်ရွက်ချက်များအား တင်ပြခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် ၂။        […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီကို ပဲခူးတိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၃၀.၃.၂၀၁၈)ရက်နေ့တွင် အသစ်တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာလျက် လွှတ်တော်၏ပုံမှန်အစည်းအဝေးများ ကျင်းပစဥ်အတွင်း စည်းကမ်းကျနရေးနှင့် တက်ရောက်လာသူများ၊ ပျက်ကွက်သူများ၊ ခွင့်တိုင်ကြားမှုများကို စနစ်တကျစီမံဆောင်ရွက်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးပြည့်ဝစွာ ခံစားနိုင်ရေးအတွက် ရေးရာကော်မတီအစည်းအဝေးများ ကျင်းပပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံတင်ပြမည်ဖြစ်ပါသည်။ ၂။          လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီကို အောက်ပါအတိုင်း ကော်မတီဝင်များဖြင့် ဖွဲ့စည်းထားပါသည်− အပြည့်အစုံဆက်လက်ဖတ်ရှုရန်…….. […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၁/၂၀၁၈) နိဒါန်း ၁။          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားပေါင်းစုံမှီတင်းစုဝေး နေထိုင်လျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုသို့ နေထိုင်ကြရာတွင် တောင်တန်း၊ ပြည်မ၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိုင်းရင်းသားများသည် အခွင့်အရေးများတန်းတူရရှိစေရေး၊ ငြိမ်းချမ်းစွာအတူ ယှဥ်တွဲနေထိုင်နိုင်ရေးတို့သည် နိုင်ငံတော်အတွင်းမှီတင်းနေထိုင်လျက်ရှိကြသော နိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအချက်များဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လက်ရှိအစိုးရလက်ထက်မှ စတင်၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားများ၏ အရေးကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင်လည်း တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ကော်မတီဝင်(၉)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးဆောင်ရွက်စေလျက်ရှိပါသည်။ ရည်ရွယ်ချက် ၂။    […]

Read More…