ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင်စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက် အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး တိုးတတ်ကောင်းမွန်စေရန် လတ်တလောအကောင်အထည် ဖော်ရန်မသင့်သေးသောလမ်းများကို အတတ်နိုင်ဆုံးစိစစ်ရန်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတတ်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံးကူညီပံ့ပိုးနိုင်ရန်၊ အရေးကြီးသောတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်အဝေးသို့ အစီရင်ခံတင်ပြအပ်ပါသည်။ ရည်ရွယ်ချက် ၂။      […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉) နိဒါန်း ၁။         ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း တွေ့ကြုံဖြတ်သန်းခဲ့ရသော ရေးရာကော်မတီဆိုင်ရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ ပြည်သူတို့ရွေးချယ်တင်မြှောက်သော ပြည်သူ့အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲတိုးတက်နိုင်ရန် ထပ်မံဆောင်ရွက်ရန် ကျန်ရှိနေသောလုပ်ငန်းများနှင့် ဆောင်ရွက်သင့်သော ကိစ္စရပ်များကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း အစီရင်ခံစာပြုစုတင်ပြရခြင်းဖြစ်ပါသည်။ ရည်ရွယ်ချက် ၂။          ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကိစ္စရပ်များကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံဆောင်ရွက်ထားမှုများနှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏လမ်းညွှန်မှုတို့ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင်တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေကြမ်းကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အဓိကမဏ္ဍိုင်ဖြစ်သော ဥပဒေပြုရေးကိစ္စရပ်များ ပိုမိုအားကောင်းလာစေရန် ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၈၈ ဇယား(၂)တွင် ဖော်ပြထားသော တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဥ်း၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်၌ ပြဋ္ဌာန်းပြီးဖြစ်သော ဥပဒေများအား လေ့လာသုံးသပ်ခြင်း၊ ခေတ်ကာလနှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများအား ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်သောဥပဒေများအား အသစ်ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးသုံးသပ်ခြင်း၊ ပြည်သူများ၏ တိုင်ကြားစာများ စိစစ်သုံးသပ်၍ ကာယကံရှင်နှင့် သက်ဆိုင်ရာဌာနများသို့အကြောင်းကြားနိုင်ရေး ကော်မတီ၏ စိစစ်သုံးသပ်တွေ့ရှိချက်အစီရင်ခံစာအား လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခြင်းနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘဏ္ဍာနှစ်အလိုက် ရသုံးခန့်မှန်းခြေငွေစာရင်း၊ သာမန်အသုံးစရိတ်လျာထားချက်များနှင့် ငွေလုံးငွေရင်းအသုံးစရိတ်လျာထားချက်များ၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေစာရင်းများတွင် ဘဏ္ဍာငွေအလေအလွင့်မရှိစေရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက် […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ မှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တွင်လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီမှတင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၉) နိဒါန်း ၁။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်မှ ပေးအပ်သောတာဝန်များကို လေးစားလိုက်နာလျက် လွှတ်တော်အတွင်း လွှတ်တော်ကိုယ်စားလှယ်များအားလုံး စည်းကမ်းကျနရေး၊ ပျက်ကွက်မှု၊ ခွင့်တိုင်ကြားမှု၊ တက်ရောက်မှုများအား စနစ်တကျမှတ်တမ်းတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခွင့်အရေးများ၊ ပြည့်ဝစွာခံစားနိုင်ရေးအတွက် ရေးရာကော်မတီအစည်းအဝေးများ ကျင်းပပြီး သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြအစီရင်ခံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက် ၂။          ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာကော်မတီ၏လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုသော အချက်အလက်များနှင့် အခွင့်အရေးများကို ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်………….. […]

Read More…

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်သို့ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ပေးပို့တိုင်ကြားလာသော တိုင်ကြားစာများနှင့် တင်ပြစာများအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေ(၁၆.၄.၂၀၁၉) ရက်နေ့မှ (၁၅.၅.၂၀၁၉) ရက်နေ့အထိ

[…]

Read More…