ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈) နိဒါန်း ၁။     ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာ ကိစ္စရပ်များဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးအတွင်း တောင်သူလယ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ၄င်းတို့၏နစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။ တောင်သူများလိုအပ်သော စိုက်ပျိုးစရိတ်သွင်းအားစုများ၊ ရိတ်သိမ်းစရိတ်များ အပြည့်အဝ ရရှိရေး၊ ဆည်ရေစနစ်တကျရရှိရေးတို့အပြင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြပြဋ္ဌာန်းမည့် မြေယာခွန် ဥပဒေနှင့်ပတ်သက်၍ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေကြမ်းကော်မတီ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါသည်။ ရည်ရွယ်ချက် ၂။     ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာ ကိစ္စရပ်များဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈) နိဒါန်း ၁။     ဒုတိယအကြိမ်၊ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီသည် ပဲခူးတိုင်းဒေသကြီးလွှတ်တော်နဝမပုံမှန်အစည်းအဝေးနှင့် ယခုကျင်းပ လျက်ရှိသည့် ဒသမပုံမှန်အစည်းအဝေးကြားကာလတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အချိန်နှင့်တပြေးညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ပုံမှန်အစည်းအဝေးပြုလုပ်ခြင်း ၂။      ဤရေးရာကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၁၈)ကို (၂၄.၄.၂၀၁၈)ရက်နေ့မှ (၉.၅.၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၃။     အဆိုပါအစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ရသုံးငွေစာရင်းများကို စိစစ်ပြီး အသေးစိတ်တွေ့ရှိချက်များကို ငွေစာရင်းကော်မတီသို့ ဆက်လက်ပေးပို့ရန် ဆုံးဖြတ်ခဲ့ပါသည်။ ၄။     ဤရေးရာကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၈)ကို (၂.၇.၂၀၁၈)ရက်နေ့မှ (၁၃.၇.၂၀၁၈)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်……………… […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေးတွင် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၈) နိဒါန်း ၁။    ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာကော်မတီသည် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက် အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သောလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သော လုပ်ငန်းစဉ်များကို စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် လုပ်ငန်းစဉ်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံးကူညီပံ့ပိုးနိုင်ရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းပန် းဆက်သွယ်ရေးတိုးတက်ကောင်းမွန်စေရန် လတ်တလော အကောင်အထည်ဖော်ရန် မသင့်သောလမ်းများ အတတ်နိုင်ဆုံးစိစစ်၍ ကူညီပံ့ပိုးပူးပေါင်းလုပ်ဆောင်ရန်၊ ပဲခူးတိုင်းဒေသအတွင်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထူးအလေးထားဆောင်ရွက်ရန်၊ အရေးကြီးသော တာဝန်ဝတ္တရားများ ဆောင်ရွက်ရန်အတွက် ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးသို့ တင်ပြအစီရင်ခံအပ်ပါသည်။ ရည်ရွယ်ချက် ၂။     ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ […]

Read More…