ပြည်သူနှင့်တွေ့ဆုံပွဲများသို့ တက်ရောက်

တောင်ငူမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမခသည် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီတွင် တောင်ငူမြို့နယ်ရပ်ကွက်(၂၂)မှ လူထုနှင့် ထီးနီကုန်း မူလွန်ကျောင်းတွင် ကျင်းပပြုလုပ်သော ပြည်သူတွေဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ တောင်ငူမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ အတွင်းရေးမှူးတို့နှင့်အတူ တက်ရောက်ခဲ့သည်။ တွေ့ဆုံပွဲတွင် ဒေသခံများမှ တင်ပြလာသည့်လမ်း၊ ရေမြောင်းများ၊ လျှပ်စစ်၊ ဘောလုံးကွင်းရရှိရေး၊ ပင်စင်လခထုတ်ရသည့်အခက်အခဲ စသည်များကိုမေးမြန်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများကပြန်လည်ရှင်းလင်း ဆွေးနွေးညှိနှိုင်းခဲ့သည်။ ဆက်လက်၍ ဆိတ်ဖူးတောင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ကျင်းပပြုလုပ်သော ပြည်သူတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ တာဝန်ခံများ၊ ရပ်မိ/ဖများနှင့်အတူတက်ရောက်ပြီးဒေသဖွံဖြိုးရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။ […]

Read More…

တင်ပြတိုင်ကြားစာအား စစ်ဆေးဆောင်ရွက်

ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသူရဇော်သည် မတ်လ ၁၀ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်သပြေတန်းကျေးရွာအုပ်စု၊ ကွင်းမြောင်ကျေးရွာမှဦးထွန်းမြိုင်နှင့် ဦးဖိုးချိုတို့နှစ်ဦး၏တင်ပြတိုင်ကြားစာအား သပြေတန်းကျေးရွာ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည် စိစစ်ရေးကော်မတီအဖွဲ့နှင့်တူ စစ်ဆေးဆောင်ရွက်ခဲ့သည်။ […]

Read More…

ချောင်းတူးဖော်နေမှုနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်နေ မှု ကွင်းဆင်းကြည့်ရှု

ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်သည် ဘိုင်းဒါးချောင်းတူးဖော်နေသည့် လုပ်ငန်းနှင့် ဒိုက်ဦးမြို့နယ်၊ အလက သနပ်ကွင်းကျောင်းဆောင်သစ် ဆောက်လုပ်သည့် လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ဂဝံလမ်းခင်းကျင်းနေမှု လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးကြည်ဇင်သည် ကျောက်တံခါးမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်နေသော ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်တောကျွဲအင်း-တူမောင်ကျောက်ချောလမ်းခင်းကျင်းပြီးစီးမှု အခြေအနေကို မတ်လ ၁၀ရက်နေ့နံနက်ပိုင်းကကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

မြေသားလမ်းအဆင့်မြှင့်တင်မှုအား ကွင်းဆင်းကြည့်ရှု

သနပ်ပင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်သည် သနပ်ပင်မြို့၊ ဈေးပိုင်း ရပ်ကွက်၊ မြကန်သာ မြေသာလမ်း၊လမ်းအဆင့်မြှင့်တင်မှု၊ Earthzyme ဆေးရည်ဖြင့် မြေသား ပြုပြင်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…