VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ညောင်လေးပင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ဦးအောင်နိုင်ဦးနှင့်မဲဆန္ဒနယ်အမှတ် ၂ ဦးညီညီထွေးတို့သည် သြဂုတ်လ ၁၁ ရက်နေ့တွင် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…

ရေကောင်းရေသန့်ရရှိစေရေး ပူးပေါင်းဆောင်ရွက်

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ဦးတင်ဆန်းဦးသည် ကျောက်ကြီးမြို့ ကပ်ကျေးရပ်ကွက်၊ ပဲခူးရပ်ကွက်၊ သိန်တန်းရပ်ကွက် ရေဘေးသင့်ပြည်သူများအတွက် ရေကောင်းရေသန့်ရရှိစေရေးအသိပညာပေးလက်တွေ့သရုပ်ပြရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး Samaritan’s Purse ကလှူဒါန်းသည့် တစ်လစာရေသန့်ဆေးများ/ ရေပုံးများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါးမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ဦးလင်းလင်းကျော်သည် သြဂုတ် ၁၁ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည့် ၂၀၁၉ – ၂၀၂၀ဘဏ္ဍာရေးနှစ် ကျောက်တံခါးမြို့နယ်အတွက် စာသင်ကျောင်းများ လျာထားဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို တက်ရောက် ဆွေးနွေးခဲ့သည်။ […]

Read More…

ကွင်းဆင်းကြည့်ရှု

ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ဦးထွန်းထွန်းဦးသည် သြဂုတ်လ ၁၁ ရက်နေ့တွင် ပေါင်းတည်မြို့နယ်ကြာနီကန်ဆေးခန်းဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုပြီး လိုအပ်ချက်များအား ယခုလမကုန်မီ ထပ်မံဆောင်ရွက်ပေးရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။ […]

Read More…

ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ဦးတင်ဆန်းဦးသည် Samaritan’s Purse အဖွဲ့က လှူဒါန်းသော တစ်ဆယ်လီတာဝင် ရေပုံးနှင့် ရေသန့်ဆေးတစ်လစာ ပစ္စည်းများ လက်ခံရယူပြီး ငထွေစုပ်ကျေးရွာ၊ အုန်းသျှစ်ခင်ကျေးရွာ၊ ရန်မျိုးအောင်ကျေးရွာ၊သပြေကုန်းကျေးရွာ၊ ရေတွင်းကုန်းကျေးရွာ၊ နတ်သံကွင်းမြို့ရေမြုပ်ရပ်ကွက်များသို့ နာရေးကူညီမှုအသင်းကားဖြင့်လှူဒါန်းပစ္စည်းများလိုက်လံပေးအပ်ခဲ့သည်။ […]

Read More…