ညောင်ပင်ကြီးရွာသစ်ကျေးရွာ ကမ်းပါးပြိုမှုအား ကွင်းဆင်းကြည့်ရှု

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ရွှေကျင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဦးဝင်းမြင့်၊ မဲဆန္ဒနယ်အမှတ် ၂ ဒေါ်လှလှဝင်း၊ ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ဒေါ်နွယ်နီဝင်းတို့သည် ကျေးရွာများရှိ တာဝန်ရှိသူများနှင့် အတူရွှေကျင်မြို့၊ ညောင်ပင်ကြီးရွာသစ်ကျေးရွာ ကမ်းပါးပြိုကျမှုကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ […]

Read More…

တန်ပိုကျောက်ကားများ အသိပညာပေးခြင်းများ ကွင်းဆင်းကြည့်ရှု

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)ဦးတင်ဆန်းဦးသည် မေလ ၁၅ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲပြုလုပ်ခဲ့ပြီးနောက် နေ့လယ်ပိုင်းတွင် ကျောက်ကြီး-နတ်သံကွင်း ကားလမ်းပေါ်၌ တန်ပိုတင်ဆောင်မောင်းနှင် လာသော ကျောက်ကားများကို တာဝန်ရှိသူများက စစ်ဆေးအသိပညာပေး ခံဝန်လက်မှတ်ရေးထိုးခြင်းများပြုလုပ်ရာတွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲစကားဝိုင်းသို့တက်ရောက် ဆွေးနွေး

ဝေါမြို့နယ် ဒလနွမ်းကျေးရွာအုပ်စုနှင့် ပန်းညိုကျေးရွာအုပ်စုမှ ကျေးလက်ပြည်သူများနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ စကားဝိုင်းကို မေလ ၁၅ ရက်နေ့ က ပန်းညိုစုကျေးရွာရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စကားဝိုင်းသို့ ဝေါမြို့နယ် မဲဆန္ဒနယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီ ထိုက်နှင့်အတူ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးမန်နေဂျာ၊ မြို့နယ်မြေစာရင်းဒုဦးစီးတို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက် ရောက်လာသော ဒေသခံပြည်သူများက မေးခွန်းများမေးမြန်းကာ ဦးဆောင်ဆွေးနွေးသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည် တက်ရောက်လာသော ပြည်သူများနှင့်အတူ ပြည်သူ့အသံများ နားထောင်ပြီး လတ်တလောလုပ်ဆောင်ရမည့့် လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်သလို အချိန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ […]

Read More…

တောင်သူမျိုးသန့် စက်ရုံဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ဦးထွန်းထွန်းဦးသည် မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တောင်သူမျိုးသန့်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ကင်မွန်းခြုံလမ်း ပြန်လည်ပြုပြင်ထားရှိမှု ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။ […]

Read More…

လမ်းတံတားများယိုယွင်းပျက်စီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့မှ မိဿလင်ကျေးရွာသို့ သွားသည့်လမ်းတလျှောက်လမ်း/ တံတားများ ယိုယွင်းပျက်စီးနေမှုများကိုကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးခဲ့သည်။ […]

Read More…