လူထုအသံကြားနားခြင်း အခမ်းအနားသို့ တက်ရောက်

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ရွှေတောင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ဦးညွန့်ဝေနှင့် မဲဆန္ဒနယ်အမှတ် ၂ ဦးအုန်းသွင်တို့သည် ရွှေတောင်မြို့၊ ကသစ်တိုင်းအုပ်စုရှိဘုရားလေးဆူဓမ္မာရုံ၌ကျင်းပသော ဒေသခံပြည်သူများကို လွှတ်တော်အတွေအကြုံများ ရှင်းလင်းခြင်းနှင့် ပြည်သူများက ဒေသလိုအပ်ချက်များ တောင်းဆိုကြသည့် လူထုအသံကြားနားတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။ […]

Read More…

သဘာဝဘေးအန္တရာယ်သင့် လူထုပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ရေတာရှည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဒေါက်တာကျော်ကျော်သည် ရေတာရှည်မြို့နယ်၊ သပြေတန်းကျေးရွာ၊ ရွာဦးတွင် တည်ထားသော လောကချမ်းသာ စေတီတော်မြတ်ကြီးထီးတော်တင်လှူပွဲနှင့် စန္ဒိမာကျောင်းဆောင် ရေစက်ချလှူဒါန်းခြင်း၊ သပြေတန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တတိက္ခဉာဏ၏ ဝိဇာတမွေးနေ့မင်္ဂလာသို့ တက်ရောက်ပူဇော်ခဲ့သည်။ […]

Read More…

ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းဆွေးနွေး

ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ဦးကျော်မင်းစံသည် မေလ ၁၂ ရက်နေ့တွင် ပဲခူးမြို့နယ်၊ မှော်လုံ၊ ကင်မွန်းခြုံ၊ကျောက်တန်းကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့သည်။ […]

Read More…

မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ

ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ဦးတင်ဆန်းဦးသည် ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန တောင်ငူခရိုင်၊ ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ငါးလုပ်ငန်းဖွံ့ဖြိုးရေး) ကျေးရွာကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ […]

Read More…

သိမ်းဆည်းခံလယ်ယာမြေ ပြသနာများအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်း

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ညောင်လေးပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးအောင်နိုင်ဦးနှင့် မဲဆန္ဒနယ်အမှတ် (၂) ဦးညီညီထွေးတို့သည် မေလ ၁၂ ရက်နေ့တွင် မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့်
အတူ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် အစည်းအဝေးပြုလုပ်၍ သိမ်းဆည်းခံ လယ်ယာမြေ ပြဿနာများအား ဆွေးနွေးခဲ့သည်။ […]

Read More…