လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲ

ရေတာရှည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဒေါက်တာကျော်ကျော်သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲမှတောင်ငူမြို့နယ်နှင့် ရေတာရှည်မြို့နယ်များအတွက် လယ်ယာကဏ္ဍစိုက်ပျိုးမှု ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစီမံကိန်းကနဦးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ […]

Read More…

တံတားတည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်သည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျေးရိုးအုပ်စု၊ ရမ်တိုလာကျေးရွာသို့ဆက်သွယ်သည့် တံတားတည်ဆောက်နေမှုကို မေလ ၈ ရက်နေ့ နေ့လယ် ၁၁ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ […]

Read More…

စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်ဦးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ မေလ ၇ ရက်နေ့ နှင့် မေလ ၈ ရက်နေ့ ၁၀ နာရီတွင် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက်ရသုံးမှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပြီး ကြားနာခြင်း အစီအရင်ခံစာ ရေးသားခဲ့သည်။ […]

Read More…

အစိုးရ၏အာမခံချက်များ ကတိကဝတ်များနှင့် တာ ဝန်ခံချက်များစိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

အစိုးရ၏အာမခံချက်များ ကတိကဝတ်များနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းရေးရာ ဝန်ကြီးဌာန ဝန်ကြီး၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးတို့ ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများအား ဖိတ်ကြား၍ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ရေးရာကော်မတီအစည်းအဝေးခန်းမ၌ မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီတွင် မေးမြန်း/ညှိနှိုင်း/ ဆွေးနွေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။ […]

Read More…