အဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးကျော်ဇေယျ၊ ပြည်(၂) တင်သွင်းသည့်ရက်စွဲ − ၂၃.၁၀.၂၀၁၇/ ၈ / ၁-၁-၁ [symple_accordion][symple_accordion_section title=”အမေး”]JICA ချေးငွေဖြင့် တည်ဆောက်ပြုပြင်နေသည့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ တောင်နဝင်းဆည်နှင့် မြောက်နဝင်းဆည်များ၏ ရေပေးဝေရေးစနစ်များအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို တင်ဒါခေါ်ယူရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မည်ကဲ့သို့စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်း၊[/symple_accordion_section][symple_accordion_section title=”အဖြေ”] JICA ချေးငွေဖြင့် တည်ဆောက်ပြုပြင်နေသည့် တောင်နဝင်းဆည်နှင့် မြောက်နဝင်းဆည် ရေပေးဝေရေးစနစ်များ ပြုပြင်ခြင်းလုပ်ငန်းအတွက် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများကို တင်ဒါခေါ်ယူရန် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇) ဖြစ်သော တင်ဒါလုပ်ငန်းများဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ (၂၀၁၇) ခုနှစ်၊ မေလ (၁၂)ရက်ပါစာဖြင့် ဖြန့်ဝေအကြောင်းကြားထားခြင်းကို တည်ဆောက်ရေး(၂)၊ […]

Read More…