ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်သည် ဇန်နဝါရီ ၂၄ရက်နေ့တွင် ဒိုက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများသို့ကွင်းဆင်း၍ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ လေ့လာကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။ […]

Read More…

ပြည်သူ့ဆန္ဒခံယူပွဲသို့ တက်ရောက်

ဝေါမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)ဦးမျိုးကြည်သည် ဇန်နဝါရီလ ၂၄ရက်နေ့တွင် ကမာကဘန်ကျေးရွာအုပ်စုတွင်ပါ၀င်သော လေးအိမ်စုရွာခွဲကို ကျေးရွာအုပ်စုသစ်ခွဲရန်အတွက် လေးအိမ်စုရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သော ပြည်သူ့ ဆန္ဒခံယူပွဲသို့ တက်ရောက်ပြီး ပြည်သူ့အသံကြားနားခဲ့သည်။ […]

Read More…

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော် ကိုယ်စားလှယ် ဦအောင်နိုင်ဦးသည် ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အုပ်ချုပ်ရေးမှူး ဦးစတီးဗိုလ်ဗိုလ်နှင့် NLD ပါတီဝင်များလိုက်ပါလျှက် ကံကလေးကျေးရွာအုပ်စု ခင်ကန့်လန့် ရွာချင်းဆက်လမ်းခင်းထားခြင်းကိုကွင်းဆင်းကြည့်ရှုခဲ့သည်။ ခင်ကန့်လန့်ကျေးရွာမှ ပိန်းဇလုပ်-ရွာမ-ကညင်ကျိုးလမ်းမသို့ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး ခင်ကန့်လန့်ကျေးရွာ၏ တစ်ခုတည်းသောဆက်သွယ်ရေး ရွာချင်းဆက်လမ်းဖြစ်သည့် အဆိုပါ( 2000’×6’×6″ ) လမ်း ဂဝံခင်းရန် လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ သိန်း ၂၀ ချထားပေးပြီး လိုငွေကို ဒေသခံ ကျေးလက်ပြည်သူများက ထည့်ဝင်လှူဒါန်းကြခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်နိုင်ဦးသည် နေ့လယ် ၁ နာရီတွင် မြို့မ ( ၂ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစတီးဗိုလ်ဗိုလ်၊ မြို့လျှပ်စစ်မှူး မြို့မ ( ၁) ( ၂ ) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့်အတူ […]

Read More…