ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေသည် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ပဲခူးမြို့၊ ကမာနတ် – ရွှေပန်းမြေသားလမ်းခင်းခြင်းလုပ်ငန်အား ကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ကျေးလက်ကျန်းမာရေးဆေးပေးခန်းတည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု

ရွှေတောင်မဲဆန္ဒနယ်အမှတ်(၂) ဦးအုန်းသွင်သည် ဇန်နဝါရီလ ၂၀ရက်နေ့ နံနက် ၉နာရီတွင် ရွှေတောင်မြို့၊ တံပူစာအုပ်စု၊ တံပူစာကျေးရွာ၌ ကျေးလက်ကျန်းမာရေးဆေးခန်း RHC အဆောက်အဦ တည်ဆောက်ရာတွင် စံချိန်စံညွန်းကိုက်ညီမှု ရှိ/မရှိ သွားရောက် ကြည့်ရှုခဲ့ပါသည်။ […]

Read More…

ကွင်းဆင်းကြည့်ရှု

ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) ဦးထွန်းထွန်းဦးသည် ဇန်နဝါရီ လ ၂၀ ရက်နေ့တွင် ပေါင်းတည်မြို့နယ်၊ သိမ်ကုန်းအုပ်စု ၊ ငါးရှဉ့်ကွင်းရွာ ရေကန်တူးဖော်ခြင်းပြီးစီးမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ကျေးလက်ဦးစီးမှူး ၊ကျေးလက်ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူကွင်းဆင်းကြည့်ရှုခဲ့သည်။ […]

Read More…

ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရင်းမှော်တိုက်ကျေးရွာအုပ်စု၊ မအူပင်ကွေ့၊ ဝက်ပုတ်ချောင်းကမ်းပါးရှိ မြေနီလမ်းမှာ ယခုနှစ်တွင် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်နေ၍ သဲကုန်းမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများ ဇန်နဝါရီ ၂၀ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့သည်။ ဝက်ပုတ်ချောင်းကမ်းပါးလမ်းမှာ ၂၀၁၆/ ၂၀၁၇ ခုနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်သိန်း ၁၀၀၀ မှ ကျခံသုံးစွဲ၍ မြေနီလမ်းခင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ရာသီဥတုဆိုးရွားသဖြင့် ကမ်းပါးပြိုကျပြီး လမ်းနေရာအချို့ပျက်စီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ လွှတ်တော်ကိုယ်စားလှယ်ဦးဇော်နိုင်ဦးသည် ကမ်းပါးပြိုကျမှုကိုကွင်းဆင်းကြည့်ရှုပြီး ဆက်လက်ဆာင်ရွက်သင့်သည်များ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရေအရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနသို့လည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနသို့လည်းကောင်း ဆက်သွယ်ပြီး လိုအပ်သလို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသခံပြည်သူများနှင့်အတူဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့သည်။ […]

Read More…

စီမံချက်ပြန်လည်သုံးသပ်ခြင်း အခမ်းအနား

ကြို့ပင်ကောက်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးအောင်ကိုမင်းသည် ဇန်န၀ါရီလ ၂၀ရက်နေ့တွင် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေထွက်ကုန်တိုးမြှင့်ဆောင်ရွက်ရေးနှင့် ဝင်ငွေတိုးပွားရေးစီမံချက်၊ နှစ်ပတ်လည် စီမံချက်ပြန်လည်သုံးသပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ […]

Read More…