စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၈)သို့ တက်ရောက်

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပညာရေး၊ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်သည် ဇန်နဝါရီ ၁၈ရက်နေ့ နံနက် ၁၀နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပသော ရေတာရှည်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၈)သို့ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဝင်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် မြို့နယ်အတွင်းဆောင်ရွက်နေသော၂၀၁၇/၂၀၁၈ဘဏ္ဍာနှစ်အတွက် စီမံကိန်း ရည်မှန်းချက်များအကောင် အထည် ဖော်မှုအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နံနက် ၁၁နာရီမှ နေ့လယ် ၃နာရီ အထိ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပသော ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ကြာအင်းကုန်း ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး မှူးရွေးချယ်ခြင်းမျာအပေါ် တင်ပြတိုင်ကြားထားမှုများအား ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများရွေးချယ်ရေး၊ မြို့နယ်ကြီးကြပ်ရေးအဖွဲ့တို့နှင့် အတူတွေ့ဆုံညှိနှိုင်းဖြေရှင်းပေးခဲ့သည်။ […]

Read More…

လုပ်ငန်းညှိနှိုင်းအစည်းအဝေး

အစိုးရဧ။်အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၈ရက်၊ ၁၉ရက်နှင့် ၂၉ရက်နေ့တို့တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်၊ ရေးရာကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ […]

Read More…

ပလ္လင်အုတ်မြစ်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်

ပဲခူးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) ဦးညွန့်ရွှေသည် ဇန်နဝါရီလ ၇ ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာတွင် တည်ထားကိုးကွယ်မည့်လေးဆူ
ဓာတ်ပျော် မြတ်စွယ်တော်စေတီ၊ ပလ္လင်အုတ်မြစ်ချ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ […]

Read More…

တွေ့ဆုံဆွေးနွေးပွဲ

ဇန်နဝါရီလ ၁၈ရက်နေ့ နံနက်ပိုင်းတွင်ကျင်းပပြုလုပ်သော ပဲခူးမြို့ထွေ/အုပ်ရုံး၌ ကုန်တင်ကုန်ချအလုပ်သမားဥပဒေရေးဆွဲရေးနှင့်တိုးချဲ့ဖွဲ့စည်းရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်စိန်နှင့်ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး အပြန်အလည်ဆွေးနွေးခဲ့ကြသည်။ […]

Read More…