ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာ

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာ (၂/၂၀၁၇) နိဒါန်း ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက်အသုံးပြုသော ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သော လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းစဥ်များကို တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် လုပ်ငန်းစဥ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အတတ်နိုင်ဆုံး ကူညီပံ့ပိုးရန် အရေးကြီးသော တာဝန်ဝတ္တရားများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်သတ္တမပုံမှန်အစည်းအဝေးသို့ တင်ပြအစီရင်ခံအပ်ပါသည်။ ရည်ရွယ်ချက် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ရောက်ရှိလာသည့် ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီနှင့် မီးသုံးစွဲမှုများအကြား ဖြစ်ပေါ်တေသော ပြဿနာများကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် NEP တစ်နိုင်ငံလုံးမီးလင်းရေးစီမံကိန်းနှင့် ပတ်သက်၍ လုပ်ငန်းစဥ်ကို ပြည်သူများ သိရှိနိုင်ပါရန် ရည်ရွယ်ပါသည်။ လုပ်ငန်းစဥ် ၂၀၁၇ခုနှစ်၊ မေလ(၃)ရက်နေ့တွင် ကျင်းပသောလျှပ်စစ်နှင့် […]

Read More…

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာ

ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီ၏ အစီရင်ခံစာ (၂/၂၀၁၇) နိဒါန်း ၁။         ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသို့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီသည် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထု၏ ရေးရာကော်မတီ ကိစ္စရပ်များအား တင်ပြတိုင်ကြားလာခြင်းနှင့် ပြည်သူလူထု၏ ရေးရာကော်မတီနှင့် သက်ဆိုင်သော အကျိုးပြုဆောင်ရွက်ရမည့် လုပ်ငန်းများအား ထိန်းညှိပူးပေါင်း ကူညီဆောင်ရွက်မှုများကို ရေးရာကော်မတီ ၂/၂၀၁၇ အစီရင်ခံစာအဖြစ် ပြုစုတင်ပြခြင်းဖြစ်ပါသည်။ ၂။          ကော်မတီအစည်းအဝေးကျင်းပမှုများ အစီရင်ခံစာ          အလုပ်သမားရေး    (၁) (၂၈.၃.၃၂၀၁၇)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီသည် ဗဟိုအလုပ်သမား ခုံသမာဓိအဖွဲ့ဝင် ဦးရဲနိုင်ဝင်းနှင့်အတူ […]

Read More…

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၏ ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသို့ တင်သွင်းသော အစီရင်ခံစာ နိဒါန်း ၁။          ပဲခူးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီးအတွင်း စီးပွားရေး၊ စည်ပင်သာယာရေးနှင့် ကုန်သွယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဤကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ စတင်ဖွဲ့စည်းတာဝန်ပေးအပ်သည့် နေ့ရက်မှစ၍ ယနေ့မျက်မှောက်ကာလအထိ ဤကော်မတီအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၂။           ပဲခူးတိုင်းဒေသကြီးလွှတ်တော်သည် ၂၀၁၇ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် − ၆/၂၀၁၇ဖြင့် ဤရေးရာကော်မတီကို အောက်ပါအတိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပါသည်။ (က)  ဦးသက်စိန်  ဖြူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)  ဥက္ကဋ္ဌ (ခ) ဦးမိုးမခ တောင်ငူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့၀င် […]

Read More…