သတ္တမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးလင်းလင်းကျော်၊ ကျောက်တံခါး(၁) တင်သွင်းသည့်ရက်စွဲ − ၄.၇.၂၀၁၇၊ ၇/၁-၂-၁၂ [symple_accordion][symple_accordion_section title=”အမေး”]ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့ အမှတ်(၉၁) သစ်စက်ဝန်ထမ်းများအား မည်သို့မည်ပုံ ပြန်လည်နေရာချထားပေးမည်နှင့် ပြည်သူ့ဝန်ထမ်းအင်အားများ မဆုံးရှုံးစေရေး နိုင်ငံတော်ဘတ်ဂျက်များ အလေအလွင့်မဖြစ်စေရေး မည်သို့မည်ပုံဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊[/symple_accordion_section][symple_accordion_section title=”အဖြေ”] ဝန်ထမ်းများ၏ ဆန္ဒအရ ဝန်ထမ်းအင်အား လိုအပ်လျှက်ရှိသည့် အခြားဝန်ကြီးဌာနများနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ ဌာနများသို့လည်းကောင်း၊ မြန်မာ့သစ်လုပ်ငန်းလက်အောက်ရှိ အခြားဌာနများသို့လည်းကောင်း၊ ပြောင်းရွှေ့လိုပါက ပြောင်းရွှေ့စေခြင်း၊ သစ်စက်ဖျက်သိမ်းရေးဆောင်ရွက်ရန် ခွင့်ပြုမိန့်ရရှိပါ လိုအပ်သည့် စက်ရုံ၊ ဒေသရုံးများသို့ ပြောင်းရွှေ့ပေးခြင်း၊ အငြိမ်းစားယူခွင့်ပြုခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ [/symple_accordion_section][/symple_accordion] […]

Read More…

သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစီရင်ခံစာ(၂/၂၀၁၇)

ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ အစီရင်ခံစာ ၁။     နိဒါန်း                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ၂၀၁၅ ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်း ခဲ့ပြီး တိုင်းရင်းသားပြည်သူများ၏အရေးကို ရှေးရှု၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးမှသည် တိုင်းရင်းသားအဖွဲ့ အစည်းအားလုံးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရေးအတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့် အရေးများ တန်းတူရရှိစေရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားခေါင်း ဆောင်များအား ဖိတ်ကြားဆွေးနွေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မ တီမှ ဆောင်ရွက်လျှက်ရှိပါသည်။ ၂။     ရည်ရွယ်ချက် – တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး။ […]

Read More…