သတ္တမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးညီညီထွေး၊ ညောင်လေးပင်(၂) တင်သွင်းသည့်ရက်စွဲ − ၃.၇.၂၀၁၇၊ ၇/၁-၁-၂ [symple_accordion][symple_accordion_section title=”အမေး”]ညောင်လေးပင်မြို့နယ်ရှိ မုက္ခမူကမ်းပတ်တာအား တာတမံဖို့ ရေမြောင်းတူးဖော်ခြင်းကြောင့် လယ်မြေများ ဆုံးရှုံးခဲ့သဖြင့် နစ်နာကြေးပြန်လည်ပေးအပ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊[/symple_accordion_section][symple_accordion_section title=”အဖြေ”] ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တောင်သူလယ်သမားများ အမှန်တကယ် ဆုံးရှုံးခဲ့သော လယ်မြေ (၁၂၁.၅၅)ဧကအတွက် နစ်နာကြေးပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားပါကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်ရယူပြီး ရန်ပုံငွေတောင်းခံခြင်း ဆောင်ရွက်ကာ ရန်ပုံငွေရရှိပြီးပါက နစ်နာကြေးပေးခြင်းကို အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ [/symple_accordion_section][/symple_accordion]   ဖြေကြားသည့်ဌာန     –      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဦးညီညီထွေး၊ ညောင်လေးပင်(၂) တင်သွင်းသည့်ရက်စွဲ − ၃.၇.၂၀၁၇၊ ၇/၁-၁-၃ [symple_accordion][symple_accordion_section title=”အမေး”]ညောင်လေးပင်မြို့နယ်၊ ဆိုင်ကွလေးရိုးနေရာရှိ မုက္ခမူတာအား နဂိုမူလရိုးအတိုင်း […]

Read More…

သတ္တမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများ စာရင်း

ဖြေကြားသည့်ဌာန     –      လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါ်ပပဟန်၊ ပန်းတောင်း(၂) တင်သွင်းသည့်ရက်စွဲ − ၄.၇.၂၀၁၇၊ ၇/၁-၂-၁ [symple_accordion][symple_accordion_section title=”အမေး”]ပန်းတောင်းမြို့နယ်၊ ထုံးဘိုနယ်မြေ ရဲစခန်းအတွက် သဘာဝဘေးဒဏ်ခံနိုင်သော ဝန်ထမ်းအိမ်ရာနှင့် လိုင်းခန်းအဆောက်အဦအသစ်များ အမြန်ဆုံးချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊[/symple_accordion_section][symple_accordion_section title=”အဖြေ”] ထိုးဘိုနယ်မြေရဲစခန်းတွင် (၄)ခန်းတွဲ(၂)ထပ်(၁)လုံးအား တတိယဦးစားပေးအဆင့်တွင် အစားထိုးပြန်လည် ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း၊ [/symple_accordion_section][/symple_accordion]   ဖြေကြားသည့်ဌာန     –      လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် –  ဒေါ်ပပဟန်၊ ပန်းတောင်း(၂) တင်သွင်းသည့်ရက်စွဲ − ၄.၇.၂၀၁၇၊ ၇/၁-၂-၁ [symple_accordion][symple_accordion_section title=”အမေး”]ပန်းတောင်းမြို့နယ်၊ ပန်းတောင်းမြို့မ ရဲစခန်းတွင် သဘာဝဘေးဒဏ်ခံနိုင်သော ဝန်ထမ်းအိမ်ရာနှင့် လိုင်းခန်းအဆောက်အဦသစ်များ အမြန်ဆုံး ချထားပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း၊[/symple_accordion_section][symple_accordion_section title=”အဖြေ”] ပန်းတောင်းမြို့မရဲစခန်းတွင် လူနေထိုင်ရန် မသင့်သော အဆောက်အဦများစာရင်းတွင်ပါဝင်ပြီး အစားထိုးပြန်လည်ဆောက်လုပ်ရန်အတွက် ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထားရှိရာ ခွင့်ပြုပါက (၄)ခန်းတွဲ(၂)ထပ် […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၇)

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် တင်သွင်းဖတ်ကြားသော လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ၏ (၂/၂၀၁၇) အစီရင်ခံစာ နိဒါန်း                ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်း​ ကော်မတီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇(က) အရလည်းကောင်း၊ ၂၀၁၆ ခု ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ-၆၂ အရလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈၉ အရလည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီသည်လည်း တာဝန်ဝတ္တရားများကို တိကျစွာလေးစားလိုက်နာလျှက် နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ တိကျမှန်ကန်စွာ သုံးစွဲရေး၊ ခြိုးခြံ ချွေတာစွာ သုံးစွဲရေးဟူသော အချက်ကြီးများနှင့်အညီ ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက် စည်ပင်သာယာရေးကို အလေး ထား ဆောင်ရွက်လျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။ ဆောင်ရွက်ချက်များ   […]

Read More…