ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် – ဦးသက်ဝင်းလှိုင်၊ ပြည်(၁) တင်သွင်းသည့်ရက်စွဲ − ၂၀.၃.၂၀၁၇၊ ၆/၁−၁−၁ [symple_accordion][symple_accordion_section title=”အမေး”]ပြည်မြို့နယ်အတွင်းရှိ သစ်ချီတင်ကျေးရွာအုပ်စု၊ ထမ္မကောက် ကျေးရွာအုပ်စုနှင့် အနောက်လက်ခုပ်ပင်ကျေးရွာအုပ်စုတို့၏စားကျက်မြေများတွင် ဝင်ရောက်လုပ်ကိုင်နေသော ကုမ္ပဏီအား မည်သူက မည်သည့်အချိန်တွင် ခွင့်ပြုခဲ့သည်ကို သိရှိလိုကြောင်း၊ ဆက်စပ်မေးခွန်း ဝင်ရောက်ကျူးကျော် လုပ်ကိုင်နေသောကုမ္ပဏီအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်  အရေးယူရန် အစီအစဉ် ရှိ/မရှိ၊[/symple_accordion_section][symple_accordion_section title=”အဖြေ”]ဆောင်းသီနှံများ ရိတ်သိမ်းပြီးပါက ထပ်မံစိုက်ပျိုးခြင်း မပြုစေရေး တားမြစ်ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးမှလည်း “စားကျက်မြေမကျူးကျော်ရ” ဆိုင်းဘုတ်များ စိုက်ထူ၍ တားမြစ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ စားကျက်မြေများတွင် ပယ်ဖျက်ရန် ကုမ္ပဏီအား ခွင့်ပြုခဲ့ခြင်းမရှိပါကြောင်း၊ ဆက်စပ်အဖြေ ပုံစံ(၇)ထုတ်ထားပေးခြင်း မရှိကြောင်းနှင့် လုပ်ဆောင်မှု အဆင့်ဆင့်ကို စာဖြင့် ပြန်လည်ဖြေကြားပေးမည်ဖြစ်ကြောင်း၊[/symple_accordion_section][/symple_accordion] ဖြေကြားသည့်ဌာန     –      လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသို့ ဥပဒေပြုရေးကော်မတီမှ တင်သွင်းခဲ့သည့် အစီရင်ခံစာ(၂/၂၀၁၇)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးသို့ ဥပဒေပြုရေးကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာ(၂/၂၀၁၇) နိဒါန်း ၁။          ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်၏ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/ ၂၀၁၇ ဖြင့် ၂၀၁၇ ခုနှစ် မေလ (၈) ရက်နေ့တွင် အောက်ပါအဖွဲ့ဝင် (၉) ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်- (က) ဒေါ်ဇင်မိုးထိုက် ပန်းတောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ (ခ) ဦးအောင်ကိုမင်း ကြို့ပင်ကောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင် (ဂ) ဦးရဲလင်းနိုင် ပေါင်းတည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင် (ဃ) ဦးဇော်လင်းထိုက် သဲကုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (င) ဦးကျော်ဇေယျ ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင် (စ) ဦးမျိုးကြည် ဝေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင် (ဆ) ဗိုလ်ကြီးကျော်မင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် […]

Read More…

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်မပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် – ဦးအောင်နိုင်ဦး၊ ညောင်လေးပင်(၁) တင်သွင်းသည့်ရက်စွဲ − ၂၃.၃.၂၀၁၇၊ ၆/၃-၅-၄ [symple_accordion][symple_accordion_section title=”အမေး”]ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့ ကားလမ်းဘေးဝဲယာတစ်လျှောက် ရောင်းချနေသော စျေးဆိုင်များအား စနစ်တကျ ရှင်းလင်းဖယ်ရှားပြီး မူလမြို့မစျေးအတွင်း ပြန်လည်ရောင်းချစေရန် ဖြေရှင်းစီမံဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ/မရှိ၊ [/symple_accordion_section][symple_accordion_section title=”အဖြေ”] မဒေါက်စျေး၏ ပျံကျစျေးသည် အရေအတွက်မှာ (၁၈၀)ဦးခန့်ရှိနေခြင်းကြောင့် ဆိုင်ခန်းရှိ စျေးသည်များအား မိမိဆိုင်ခန်းအတွင်း ပြန်လည်ရောင်းချစေကာမူ ကျန်စျေးသည်များကို နေရာပေးရန် အခက်အခဲရှိနေပါကြောင်း၊ လမ်းဘေးရောင်းနေသည့် စျေးသည်များအား ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် စျေးစည်းကမ်းထိန်းအဖွဲ့ဖြင့် တစ်ဆင့်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယာယီပျံကျစျေးမြေနေရာဖော်ဆောင်နိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီ မြို့မိ၊ မြို့ဖစျေးအကျိုးဆောင်၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်၍ မြေနေရာရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ [/symple_accordion_section][/symple_accordion]   ဖြေကြားသည့်ဌာန     –      စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် – […]

Read More…

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေစာရင်း

ဖြေကြားသည့်ဌာန     –      တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန မေးမြန်းသည့်လွှတ်တော်အမတ် -ဦးဇော်မင်းဦး(ခ)ဦးတင်ဆန်းဦး၊ ကျောက်ကြီး(၂) တင်သွင်းသည့်ရက်စွဲ − ၂၀.၃.၂၀၁၇၊ ၆/၁-၁-၁၂ [symple_accordion][symple_accordion_section title=”အမေး”]တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတို့ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးအတွက် ရုံးခန်းများပေးရန် အစီအစဉ် ရှိ/မရှိနှင့် မည်သည့်အတွက်ကြောင့် နှောင့်နှေးကြန့်ကြာနေသည်ကို သိရှိလိုပါကြောင်း၊ [/symple_accordion_section][symple_accordion_section title=”အဖြေ”]ရုံးခန်းစတင်ဖွင့်လှစ်ချိန်၌ စေလွှတ်မည့် ဝန်ထမ်းအင်အားစာရင်းကို ပြန်ကြားပေးပါရန် ပြည်ထောင်စုဝန်ကြီးဌာနရုံး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ နေပြည်တော်သို့ တင်ပြခဲ့ခြင်းကြောင့် နှောင့်နှေးနေရခြင်းဖြစ်ပါကြောင်း၊ ပဲခူးတိုင်း​ဒေသကြီးတွင် အသစ်ဖွင့်လှစ်မည့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးစီးဌာန(၂)ခုတွင် ရုံးလုပ်ငန်းဆောင်ရွက်နိုင်ရန် ဦးစီးဌာနတစ်ခုစီအတွက် ဝန်ထမ်းအနည်းဆုံး(၅)ဦးမှ (၇)ဦးအထိ စေလွှတ်သွားရန် စီစဉ်ထားရှိပါကြောင်း၊ အဆိုပါဦးစီးဌာန(၂)ခုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်ရှိ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အခန်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအခန်းကြားရှိ ဝန်ကြီးများအစည်းအဝေးခန်းအောက်ထပ်နှင့် ၄င်းအစည်းအဝေးခန်းနှင့် ကပ်လျက်အခန်း၊ စုစုပေါင်း ရုံးခန်း(၂)ခန်းတွင် ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် […]

Read More…

ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ကတိကဝတ်ပြုခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းနှင့် အဖြေများစာရင်း

ဖြေကြားသည့်ဌာန     –      တိုင်း​ဒေသကြီးတရားလွှတ်တော် မေးမြန်းသည့်လွှတ်တော်အမတ် -​ဒေါ်ရီရီထိုက်၊ ဝေါ(၂) တင်သွင်းသည့်ရက်စွဲ − ၂၀.၃.၂၀၁၇၊ ၆/၁–၁–၁၀ [symple_accordion][symple_accordion_section title=”အမေး”]မြို့နယ်တရားရုံးတွင် အမှုတွဲများ တင်ပြခြင်းနှင့် အာမခံလုပ်ဆောင်လျှင် ငွေကြေးများ မြောက်မြားစွာ ပေးနေရခြင်းနှင့် ပတ်သက်၍ သိရှိလိုကြောင်း၊ [/symple_accordion_section][symple_accordion_section title=”အဖြေ”] တရားရုံးသို့ စွဲဆိုတင်ပို့သော အမှုများတွင် ရာဇဝတ်မှုနှင့် တရားမမှုဟူ၍(၂)မျိုး ရှိပါကြောင်း၊ တရားရုံးသို့ အမှုစွဲဆိုတင်ပို့ခြင်း၊ အာမခံလျှောက်ထားခြင်းများအတွက် ရုံးခွန်အက်ဥပဒေ ဇယား(၂)အရ သတ်မှတ်ထားသည့်အတိုင်း ရုံးခွန်နှုန်း ထားများအား ထမ်းဆောင်ကြရပါကြောင်း၊ အခြားငွေကြေး ကောက်ခံမှုမရှိပါကြောင်းနှင့် ဝေါမြို့နယ် တရားရုံးအပါအဝင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှ တရားရုံးဝန်ထမ်းများက ငွေကြေးကောက်ခံမှု ပြုလျှင်ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊[/symple_accordion_section][/symple_accordion] […]

Read More…