ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ ကတိကဝတ်အာမခံချက်များစိစစ်ရေးကော်မတီမှ တင်သွင်းသောအစီရင်ခံစာ နိဒါန်း ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ ကတိကဝတ်အာမခံချက်များ စိစစ်ရေးကော်မတီအနေဖြင့် (က)       တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းသော ဥပဒေကြမ်း၊ အဆို(သို့မဟုတ်) အစီရင်ခံစာ၊ ဖြေကြားသော အဖြေများ၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စနစ်တကျ စိစစ်ရန်၊ (ခ)         ပြည်သူလူထု၏ အကျိုးအတွက် အစိုးရအဖွဲ့မှ သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပြီးစီးခြင်းရှိ/မရှိ မူလသတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိနှင့် မည်သည့်အခြေအနေထိ အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း ထိရောက်မှန်ကန်စွာ စစ်ဆေးနိုင်ပါရန်၊ (ဂ)          အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲတိုးတက်မှုများအား ကော်မတီမှ သက်ဆိုင်ရာကဏ္ဍအလိုက် စိစစ်ပြီး အပြုသဘောဆောင်သော စောင့်ကြည့်ထိန်းညှိမှုဖြင့် […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၇)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၁/၂၀၁၇) ၁။ နိဒါန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ၂၀၁၅ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပြည်သူများ၏ အရေးကိုရှေ့ရှု၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှသည် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ တန်းတူရရှိစေရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားဆွေးနွေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ရည်ရွယ်ချက် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ အပြန်အလှန်ရိုင်းပင်းကူညီရေး။ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေယဉ်ကျေးမှုအနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ […]

Read More…