ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ပဥ္စမပုံမှန်အစည်းအဝေးသို့တင်သွင်းသည့် အစီရင်ခံစာ (၄/၂၀၁၆)

ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ပဥ္စမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် အစီရင်ခံစာ (၄/၂၀၁၆) နိဒါန်း ပဲခူးတိုင်းဒေသကြီး လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ နှစ်အလိုက်အသုံးပြု‌သော ငွေလုံး၊ ငွေရင်းအသုံးစရိတ်နှင့် ပြုလုပ်သော လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ၊ ကိုယ်ထူကိုယ်ထလျှပ်စစ်ဓါတ်အား ရယူသုံးစွဲမှုလုပ်ငန်းများ၊ NEP စီမံကိန်းနှင့်ပတ်သက်သောလုပ်ငန်းစဉ်များကို တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် လုပ်ငန်းစဉ်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အတတ်နိုင်ဆုံး ကူညီပံ့ပိုးနိုင်ရန် အရေးကြီးသော တာဝန်ဝတ္တရားများ ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယအကြိမ် ပဉ္စမပုံမှန်အစည်းအဝေးသို့ တင်ပြအစီရင်ခံအပ်ပါသည်။ ရည်ရွယ်ချက် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ ရောက်ရှိလာသည့် ကိုယ်ထူကိုယ်ထမီးလင်းရေးကော်မတီနှင့် မီးသုံးစွဲမှုများအကြား ဖြစ်ပေါ်နေသောပြဿနာများကို အကောင်းဆုံးနည်းဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် NEP တစ်နိုင်ငံလုံးမီးလင်းရေး စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်ကို ပြည်သူများသိရှိနိုင်ပါရန် ရည်ရွယ်ပါသည်။ အပြည့်အစုံဆက်လက်ဖတ်ရှုရန်………………………. […]

Read More…

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၃/၂၀၁၆)

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာ(၃/၂၀၁၆) ၁။ နိဒါန်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ၂၀၁၅ခုနှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူလူထုက တခဲနက် ရွေးချယ်တင်မြှောက်လိုက်သော အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပြည်သူများ၏ အရေးကိုရှေ့ရှု၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးမှသည် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများ တန်းတူရရှိစေရေးအတွက် ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားဆွေးနွေးခြင်းဖြင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီမှ ဆောင်ရွက်လျက်ရှိပါသည်။ ၂။ ရည်ရွယ်ချက် တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေး၊ အပြန်အလှန်ရိုင်းပင်းကူညီရေး။ တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေယဉ်ကျေးမှုအနုပညာများ ဖွံ့ဖြိုးတိုးတက်စေရေး။ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ […]

Read More…