OXFAM အဖွဲ့မှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းပွဲ အခမ်းအနား

(၃၀-၁၁-၂၀၁၆)ရက်နေ့၊ ဗုဒ္ဓဟူးနေ့ နံနက်(၁၀းဝဝ)နာရီအချိန် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (Meeting Hall)အစည်းအဝေးခန်းမ၌ OXFAM အဖွဲ့မှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများ၊ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုန့်ပြန်ခြင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ(၉)ခု၏ ဥက္ကဋ္ဌများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နေ့လယ်(၁၂း၃၀)အချိန်တွင် ရပ်နားခဲ့ကြောင်းသိရှိရပါသည်။ […]

Read More…

ရွှေတောင်မြို့နယ် ကွင်းလျှားကြီးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့

ရွှေတောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းသွင်သည်(၃၀-၁၁-၂၀၁၆) ရက်နေ့၌ ကွင်းလျှားကြီးကျေးရွာအုပ်စု၊ ကွင်းလျှားကြီးရွာတွင် ခွေးရူးကိုက်ခံရသဖြင့် တိရစ္ဆာန်များ သေဆုံးမှုနှင့် ပတ်သက်ပြီးသွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့် တူးဖော်မည့် စက်ရေတွင်းနေရာကိုလည်း သွားရောက်လေ့လာကြည့်ရှုခဲ့ပါသည်။ […]

Read More…

စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့)

(၂၉.၁၁.၂၀၁၆) ရက်နေ့၊ နေ့လယ် (၀၁းဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တောင်သူလယ်သမားနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမျိုးခိုင် ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒုတိယနေ့) အား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ […]

Read More…

တ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့)

(၂၉.၁၁.၂၀၁၆) ရက်နေ့၊ နံနက် (၁၀:ဝဝ) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရေးရာကော်မတီအစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးစန်းမြင့်(ခ)ဦးဆန်းမြင့်ဦးဆောင်၍ ကော်မတီအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) အား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါသည်။ […]

Read More…