ထိုးဝါးစိုက်ကျေးရွာအုပ်စု ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့

ကျောက်ကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦး(ခ)ဦးတင်ဆန်းဦးသည် (၂၅.၁၁.၂၀၁၆) ရက်နေ့တွင် ထိုးဝါးစိုက်ကျေးရွာအုပ်စု ပြည်သူများနှင့် ထိုးဝါးစိုက်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူးနှင့်အတူ ဆက်လက်တူးဖော်ဆောင်ရွက် မည့် နေရာများ၊ ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်စီစဉ်ဆောင်ရွက်မည့်လမ်းများအား သွားရောက်ကြည့်ရှုခဲ့ပါသည်။ […]

Read More…

ထန်းတပင်မြို့နယ် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်အဝေးကို တက်ရောက်ခဲ့

ထန်းတပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းသည် (၂၆.၁၁.၂၀၁၆) ရက်နေ့၊ နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ် သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်အဝေးကို တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ထန်းတပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေအား ဦးစားပေးအစီအစဉ်အလိုက် ပြန်လည်စိစစ်ခဲ့ပါသည်။ […]

Read More…

တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့

ရွှေကျင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်သည် (၂၅.၁၁.၂၀၁၆) ရက်နေ့တွင် ရွှေကျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မြို့နယ်ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ […]

Read More…

တောင်ငူမြို့နယ် (၉၆) ကြိမ်မြောက်အမျိုးသားနေ့အောင်ပွဲသို့ တက်ရောက်ခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် တောင်ငူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးအေးမင်းဝင်းနှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးမိုးမခတို့သည် (၂၄.၁၁.၂၀၁၆) ရက်နေ့တွင် (၉၆) ကြိမ်မြောက်အမျိုးသားနေ့အောင်ပွဲကို တက်ရောက်ခဲ့ပါသည်။ […]

Read More…

လွှတ်တော်ကိုယ်စားလှယ်များဖလား(အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲသို့ တက်ရောက်အားပေးကြည့်ရှုခဲ့

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဦးသက်ဝင်းလှိုင်နှင့် မဲဆန္ဒနယ်အမှတ်(၂) ဦးကျော်ဇေယျတို့သည် (၂၅.၁၁.၂၀၁၆) ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်များဖလား(အလွတ်တန်း) ဖိတ်ခေါ်ပြိုင်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စိုးစိုးကြည်တို့နှင့်အတူ တက်ရောက်အားပေးကြည့်ရှုခဲ့ပါသည်။ […]

Read More…